ပြည် ၃၀ မတ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ နဝဒေးလမ်း XiKanDaBO သုံးဘီး ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်၌ မတ် ၂၉ ရက် ည ၇ နာရီ မိနစ် ၅၀ ခန့်က မီးလောင်မှုဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ နဝဒေးလမ်းနေ ဦးညီအောင် ပိုင်ဆိုင်သည့် XiKanDaBO သုံးဘီး ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှတစ်ဆင့် အပူလွန်ကဲ၍ မီးစတင် လောင်ကျွမ်းခဲ့ရာ ပေ (၁၅x ၂၀ ) သွပ်မိုး၊အုတ်ညှပ် ဆိုင်ခန်း(၂)ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်များက ဝိုင်းဝန်းငြိမ်းသတ်ရာ ည(၈) နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုတွင် မီးဘေးဒုက္ခသည်မရှိ၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် ပိုင်ရှင်၏ ဇနီး ဒေါ်မကိုက်ရှိုအား ပြည်မြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN