ပုလော ၃၀ မတ်
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (ဒုတိယ) သုံးလပတ် အသက် (၈၅) နှစ်နှင့်အထက် ဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ နံနက် ၁၀ နာရီတွင် ပုလောမြို့နယ် ကမ်းရိုးတန်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအုန်းခင်နှင့် ပုလောမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်တို့က အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ မြိတ်ခရိုင်ရုံးမှ ဒေါ်မြတ်မြတ်မိုးက ပင်စင်ငွေထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။
ယင်းနောက် လူမှုရေးပင်စင်ခံစားရရှိသည့် ဘိုး/ဘွား (၅၁၁)ဦးကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်နှင့် မြိတ်ခရိုင်ရုံးမှ ဒေါ်မြတ်မြတ်မိုးတို့က လူမှုရေးပင်စင်များ ပေးအပ်ခဲ့ကြောင်း ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


