ရန်ကုန် ၃၀ မတ်


ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ အရှေ့ မျဉ်းပြိုင်ကွင်းလမ်း၊ suzuki car showroom တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၅)စီးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။


MDN