သတင်းဆောင်းပါး - နန္ဒာဝင်း
တစ်ခေတ်တစ်ခါက ကျော်ကြားသော ပန်းချီကာတွန်းဆရာကြီးများ၏ လက်ရာမွန်ဆေးရောင်စုံကာတွန်းများ ပါဝင်သည့်ရွှေသွေးဂျာနယ်သည် ကလေးများ၏ အသည်းစွဲဖြစ်ပြီး ထွက်မည့်ရက်ကို စောင့်မျှော်နေတတ် ကြသည်။
ဇာတ်လမ်းများတွင် သရုပ်ဖော်ရေးဖွဲ့ထားသည့် ကာတွန်းဇာတ်ကောင်များ၏ မေတ္တာတရား၊ စာနာနားလည်မှု၊ ခွင့်လွှတ်အနစ်နာခံမှုနှင့် သူတစ်ပါးကိုကူညီရိုင်းပင်း တတ်မှု စသည်ဖြင့် ကိုယ်ကျင့်တရားကောင်း မွန်ရေး အလေ့အကျင့်ကောင်းများသည်ကလေးများ အားကျအတုယူဖွယ်လည်း ဖြစ်ခဲ့သည်။
မူလတန်းအကြိုနှင့် မူလတန်းကျောင်း သားများအတွက် ရည်ရွယ်၍ အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ် ထုတ်ဝေ လျက်ရှိသလို အထူးထုတ်စာအုပ်များအဖြစ်၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင်ရွှေရတု အကြိုအထူးထုတ်အဖြစ် တစ်ကြိမ်နှင့်၂၀၁၉ ခုနှစ် ရွှေရတုအထူးထုတ်အဖြစ်တစ်ကြိမ်ထုတ်ဝေခဲ့သည်။
ကလေးများအပေါ် စာပေဩဇာကြီးမား ခဲ့သည့် ရွှေသွေးဂျာနယ်ကို စာပေဗိမာန်က ကလေးစာပေ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု၍ ၁၉၆၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ထုတ်ဝေခဲ့ရာ ယ ခုအခါ နှစ်ငါးဆယ် ပြည့်ရွှေရတုတိုင်ခဲ့ပြီဖြစ်သည်။
စာပေဗိမာန်သည် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အောက်မှ ဌာနတစ်ခုဖြစ်ပြီး မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု စာပေအသိဉာဏ်ထက်မြက်ရေးနှင့် လူမှုဘဝဖွံ့ဖြိုး ရှင်သန်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
၂၀၁၆ ခုနှစ်တွင် ပေါ်ပေါက်လာသော နိုင်ငံတော်အစိုးရသစ်သည် ဝန်ကြီးဌာန အသီးသီးကို ပြုပြင်ပြောင်းလဲ မှုများဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ ဦးစီးဌာနနှင့် လုပ်ငန်းများလည်း ကျွဲကူးရေပါဖြစ်ခဲ့သည်။ ထိုပြုပြင် ပြောင်းလဲမှုတွင် လိုက်ပါပြောင်းလဲနေသည့်ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည်ပြန်ကြားရေးဝန်ကြီးဌာနကို သိသာထင်ရှားသော အရွေ့ဖြစ်စေရန် တစ်တပ်တစ်အား ဖြစ်စေခဲ့သည်။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည်အမည်နာမပါ စကားလုံးများအတိုင်း ပုံနှိပ်ရေး၊ ထုတ်ဝေဖြန့်ချိရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ ပုံနှိပ်ဟုဆိုရာ တွင်နိုင်ငံတော်၏ အရေးကြီးစာရွက်စာတမ်းများ၊ မြန်မာ နိုင်ငံပြန်တမ်းများကို ယခင်အစဉ်အလာအတိုင်း ရိုက်နှိပ်ရသကဲ့သို့ ပညာရေးဝန်ကြီးဌာန၏ ပြဋ္ဌာန်း စာအုပ်များကို ပုံနှိပ်စက်ရုံများမှ ပုံနှိပ်ဝန်ထမ်းများဖြင့် ပုံနှိပ်ပေးခဲ့သည်။
ဤတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနအောက်၌ ပုံနှိပ်လုပ်ငန်းနှင့် ယှဉ်တွဲတည်ရှိနေသော စာပေဗိမာန်ရုံး သည် မြန်မာ စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ၁၉၄၈ ခုနှစ်စာပေဗိမာန်ပေါ်ဦးစကအတိုင်း ဆောင်ရွက်ခဲ့ပြီး စာအုပ်များစွာကို ပုံနှိပ်ထုတ်ဝေခဲ့သည်။
စာပေဗိမာန်သည် ဦးစီးဌာနတစ်ခု၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ကြီးဌာနနှင့် အစိုးရအား ကိုယ်စားပြုမှု၊ စာပေဖွံ့ဖြိုး တိုးတက်မှု၊ စာပေသိက္ခာခိုင်ခံ့မှုတို့ဖြင့်အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ကို ရွေးချယ်ချီးမြှင့်ပေးခဲ့သည်။
စာပေဆုများရွေးချယ်
စာပေဗိမာန်သည် ၂၀၁၆ ခုနှစ် စာပေ ဗိမာန်စာမူဆုအတွက် စာပေပညာရှင်နှင့်ကျွမ်းကျင်ပညာရှင် ၂၈ ဦး ပါဝင်သည့်စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့က စာမူပေါင်း ၂၉၂ စောင်တွင်ပဏာမ၊ ဆန်ခါတင်နှင့် အတည်ပြုဟူ၍ အဆင့်သုံးခုခွဲခြားကာ ဘာသာရပ် ၁၃ မျိုး တွင် ဆုပေါင်း ၂၆ ဆုကို ရွေးချယ်နိုင်ခဲ့သည်။ ဆုကြေးငွေကို ၂၀၁၃ ခုနှစ် နှုန်းထားအတိုင်း ပထမဆုအတွက် ငွေကျပ်ကျပ်ခုနစ်သိန်း၊ ဒုတိယ ဆုငွေကျပ်ကျပ်ငါးသိန်းနှင့် တတိယဆု ငွေကျပ်ကျပ် သုံးသိန်းသတ်မှတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် စာပေ ဗိမာန်စာမူဆုကို ဘာသာရပ် ၁၁ မျိုးအတွက်ဆုပေါင်း ၂၅ ဆုကို စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခဲ့ကြပြီး ဆုကြေးများမှာ ပထမဆုငွေကျပ်ကျပ် ၁၀ သိန်း၊ ဒုတိယဆုငွေကျပ်ကျပ်ခုနစ်သိန်းနှင့် တတိယဆုငွေကျပ်ကျပ်ငါးသိန်းဟူ၍ တိုးမြှင့်ပေးအပ်ခဲ့သည်။
စာပေဗိမာန်သည် အမျိုးသားစာပေ ဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် အဖွဲ့ငယ်များကို ၂၀၁၆ ခုနှစ်မှစ၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည်။ အဖွဲ့ဝင် ၇၇ ဦး ပါဝင်သော အမျိုးသားစာပေဆု စိစစ်ရွေး ချယ်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ၁၂ ဦး နုတ်ထွက်ခဲ့ရာ ကော်မတီဝင် ၆၅ ဦးဖြင့်ရွေးချယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ အမျိုးသားစာပေဆုအနေဖြင့် ၂၀၁၆ ခုနှစ်အတွက် စာအုပ်ပေါင်း ၉၆၆ အုပ်ကိုဘာသာရပ် ၁၆ မျိုးခွဲကာ အမျိုးသားစာပေဆုမူဝါဒ စည်းမျဉ် းစည်းကမ်းများနှင့်အညီရွေးချယ်ခဲ့ရာတွင် ဘာသာရပ် ၁၀ မျိုးကိုဆုရွေးချယ်နိုင်ခဲ့သည်။
အမျိုးသားစာပေ တစ်သက်တာဆုကိုပညာရှင်သုံးဦးအားရွေးချယ်၍ ဆုကြေး ငွေကျပ်ကျပ် ၂၅ သိန်းနှင့် အမျိုးသားစာပေဆုအတွက် ငွေကျပ်ကျပ် ၁၅ သိန်း ချီးမြှင့်နိုင်ခဲ့သည်။ စာပေဗိမာန်သည် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင် ၆၅ ဦး၌ အဖွဲ့ဝင်အဖြစ်မှနှစ်ဦးနုတ်ထွက်ရာ အ ဖွဲ့ဝင် ၆၃ ဦးဖြင့် ဆောင်ရွက်ခဲ့သည်။ ကဗျာဆုအတွက် အစဉ်အလာ ကဗျာနှင့်အတူ ခေတ်ပေါ်ကဗျာကို စိစစ် ခွင့်ပြုခြင်း၊ ကဗျာဆုကို အစဉ်အလာနှင့်ခေတ်ပေါ်မခွဲခြားဘဲ ကဗျာဆုတစ်ဆုတည်း သတ်မှတ်ခြင်းကို ထပ်မံ အတည်ပြုပေးခဲ့သည်။ ထို့ပြင် ရသစာတမ်း(အက်ဆေး)ဆုနှင့် ရည်òန်းစာပေဆုဟူ၍ ဆုနှစ်ဆုကို တိုးချဲ့ခဲ့သည်။
ထို့ကြောင့် မူလက အမျိုးသားစာပေဆုအတွက် ဘာသာရပ် ၁၆ မျိုးထားရှိခဲ့ရာ မှာ နှစ်ဆုတိုး၍ ဘာသာရပ် ၁၈ မျိုးဖြင့် တိုးမြှင့်ချီးမြှင့်ရန် အတည်ပြုခဲ့သည်။ ၂၀၁၇ ခုနှစ်အမျိုးသားစာပေဆုအတွက် စာအုပ်ပေါင်း ၈၉၁ အုပ်ကို ဘာသာရပ် ၁၈ မျိုးခွဲ၍စိစစ်ပြီး ၁၁ မျိုး ချီးမြှင့်နိုင်ခဲ့သည်။ အမျိုးသားစာပေ တစ်သက်တာဆုကို ယခင်နှစ်များကဲ့သို့ပညာရှင်သုံးဦးအား ဆုကြေးငွေကျပ်ကျပ်သိန်း ၅၀ စီနှင့် အမျိုးသားစာပေဆုအတွက် ငွေကျပ်ကျပ်၂၅ သိန်း ချီးမြှင့်နိုင်ခဲ့သည်။
မြန်မာ့စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေရေးလုပ်ငန်း
၁၉၅၄ ခုနှစ် ဘာသာပြန်စာပေအသင်း တည်ရှိစဉ်က ထုတ်ဝေခဲ့သော မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို ခေတ်နှင့်အညီ ပြန်လည်ထုတ်ဝေရန် ပြင်ပအဖွဲ့အစည်းဖြစ်သည့်ထွန်းဖောင်ဒေးရှင်း နှင့် ၂၀၁၇ ခုနှစ် နှစ်စပိုင်း မှစ၍ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
ယခုအခါ မြန်မာ့စွယ်စုံကျမ်းအတွဲ-၁ အနေဖြင့် အချောသပ်လုပ်ငန်းဆောင်ရွက်ပြီးစီး၍ မကြာမီထုတ်ဝေနိုင် မည်ဖြစ်ပြီး နောင်ဆက်လက်ထုတ်ဝေမည့် စွယ်စုံကျမ်းအတွဲများနှင့် ညီညွတ်မှုရှိစေရန်အတွက်အချို့ တည်ပုဒ်များ၊ စာမျက်နှာဖွဲ့စည်းပုံများကိုအသေးစိတ်ပြုပြင် ဆောင်ရွက်လျက်ရှိသည်။
ထိုလုပ်ငန်းသည် စာပေဗိမာန် စာတည်းအဖွဲ့၊ ထွန်းဖောင်ဒေးရှင်းမှ ပညာရှင်များ၊ ကွန်ပျူတာအဖွဲ့များနှင့်အတူ စာပေဗိမာန်ရည်ညွှန်း ကျမ်းပညာရှင်များ၏ အင်အားကိုယူကာ ဆောင်ရွက်မည့်လုပ်ငန်းဖြစ်ပြီး ယခင်မြန်မာ့စွယ်စုံကျမ်းများကို အတွဲ - ၁ မှအတွဲ - ၁၅ အထိ ပြုစုဆောင်ရွက်ရာ၌ အချိန်ကြာမြင့်ခဲ့သော်လည်း ယခုထုတ်ဝေ မည့် စွယ်စုံကျမ်းများကိုမူ သင့်တင့်သော အချိန်ကာလတစ်ခုအတွင်း၌ ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ်စတင်ထုတ်ဝေခြင်း
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည်စာပေဗိမာန်ရုံးကို အခြေတည်လျက် စာအုပ်များစွာ ထုတ်ဝေခဲ့ရာ တွင် အတွဲ ၁၀ဝ စာစဉ်ထုတ်ဝေခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ် နှစ်ဦး ပိုင်းက စတင်အခြေတည်ခဲ့ပြီး ၂၀၁၈ ခုနှစ်ဒီဇင်ဘာလတွင် မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ် အတွဲ-၁၊ အတွဲ - ၂ နှင့် အတွဲ - ၃ တို့ကိုစတင်ထုတ်ဝေနိုင်ခဲ့သည်။
မြန်မာစာပေလောကတွင် ထင်ရှား ကျော်ကြားခဲ့ပြီးသော စာအုပ်များအနက်မှကောင်းနိုးရာရာများ၊ မြန်မာပြည်သူလူထုအထူးသဖြင့် မြန်မာလူငယ်များ ထိုအတွဲ၁၀ဝ စာစဉ်အားလုံးကို ဖတ်ရှုရုံဖြင့် မြန်မာ စာပေ လောက၏ ခရီးလမ်း၊ စာပေဖွံ့ဖြိုး တိုးတက်မှု၊ စာပေနိမ့်ကျယိုယွင်းမှုများကိုတစ်ထိုင်တည်းနှင့် သိရှိသွားရန် ရည်ရွယ်ပြီး မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ်ကို ထုတ်ဝေ ရခြင်းဖြစ်သည်။
မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ်အဖွင့်ကိုဝတ္ထုရှည်ဘာသာရပ်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ပထမတွဲတွင် ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင်မမယ်မ၊ ဝန်စာရေးဦးကြီး၏ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းနှင့် မအေးခင်၏ ချစ်ရိုး အမှန် ဝတ္ထုရှည်များ ပါဝင်သည်။ ဒုတိယ တွဲတွင် ဦးလတ်၏ ရွှေပြည်စိုး၊ ရွှေဥဒေါင်း၏ ရတနာပုံနှင့် ဘီအေမောင်ဘသန်း၏ ထာဝရ မေတ္တာ(သို့မဟုတ်) ဘီအေမောင်ဘလွင်ဝတ္ထုများပါဝင်သည်။
တတိယတွဲတွင် ပီမိုးနင်း၏ နေရီရီ၊ ဦးလတ်၏ တနန်းပျော်ရင်သွေးတော်နှင့်သခင်ကိုယ်တော်မှိုင်း၏ မှာတော်ပုံဝတ္ထုများ ပါဝင်ပြီး ထိုမြန်မာဂ္ထဝင်အတွဲ ၁၀ဝ စာစဉ်ရှေးဦးအတွဲ - ၃ တွဲ ထုတ်ဝေခြင်း အခမ်း အနားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင်ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့သည်။
နှစ် (၇၀)ပြည့် စာပေဗိမာန်
စိန်ရတုစာပေဗိမာန်အတွက် အခြေခံကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည့် နှစ်(၇၀)ပြည့် စာပေဗိမာန်အထိမ်းအမှတ် အခမ်း အနားကို ၂၀၁၇ ခုနှစ် ဩဂုတ် ၂၆ ရက်က စာပေဗိမာန်တွင် ကျင်းပခဲ့သည်။ အခမ်း အနားနှင့်အတူ အထိမ်းအမှတ်စာအုပ်ကိုထုတ်ဝေနိုင်ခဲ့သည်။
ပုံမှန်ထုတ်ဝေနေသော စာအုပ်စာစောင်များ
အပတ်စဉ်ထုတ်ဝေလျက်ရှိသော သုတ ပဒေသာဂျာနယ်သည် လူငယ်များအတွက်ပင်မရည်ရွယ်ထား သော်လည်း ဘာသာပြန်စာမူများနှင့်စုပေါင်း၍ တစ်လတစ်ကြိမ်ထုတ်ဝေခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် စာပေ ဗိမာန် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေဖြင့်လက်ရွေးစင်ဆောင်းပါးများကို စုစည်းကာ သုတပဒေသာ ဆောင်းပါး ပေါင်းချုပ်အဖြစ်ထုတ်ဝေခဲ့သည်။
စာပေဗိမာန်က
ဘာသာပြန်စာအုပ်များ ကို ထုတ်ဝေခဲ့ရာ တွင် ဟီလာရီကလင်တန်၏ ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်၊ နိုင်ငံသားဖြစ်ခြင်း၏ တန်ဖိုး၊ ကြယ်စင်များဆီသို့နှင့်အာရှလူငယ်များစာအုပ်တို့ကို ဘာသာပြန်ဆိုထုတ်ဝေနိုင်ခဲ့သည်။ တစ်ဆက်တည်းတွင်ဂျပန်နိုင်ငံ Shantiစေတနာ့ဝန်ထမ်းအဖွဲ့နှင့်ပူးပေါင်း၍ လူငယ်များအတွက် ဘာသာ ပြန်ပြိုင်ပွဲများကျင်းပပြီး ပထမဆုရစာအုပ်များကို ပုံနှိပ်ထုတ်ဝေခြင်း၊ ကလေးစာပေ ဘာသာပြန်စာအုပ်ဖြစ်သည့် က္ဘာတစ်လွှား ရှိ မိတ်ဆွေများစာအုပ်ကို ပုံနှိပ်ထုတ်ဝေခြင်း များပြုလုပ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနရှိ စာကြည့်တိုက်များသို့လှူဒါန်းနိုင်ခဲ့သည်။
ပြည်သူ့လက်စွဲစာစဉ်မှ စာပေဗိမာန်စာမူဆုပြိုင်ပွဲ ဆုရစာမူများ၊ ပခုက္ကူစာပေဆုမှ ဆုရစာအုပ်များနှင့် သီးခြားထုတ်ဝေသော စာအုပ်များကို ထုတ်ဝေခဲ့ရာ တွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လအထိ စာအုပ်ပေါင်း ၉၆ အုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ထိုမှစာပေဆုရ ကလောင်သစ်များစွာကိုမွေးထုတ်နိုင်ခဲ့သည်။ ခေတ်ပြိုင် အကြောင်း အရာများဖြင့် ရေးဖွဲ့ထားသော ရသသုတ စာအုပ်များအဖြစ် စာပေဗိမာန်စာမူဆုရ စာအုပ်ပုံစံသစ်ကို ဖော်ကျူးနိုင်ခဲ့သည်။
စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များ
စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို၁၉၅၀ ပြည့်နှစ်ကျော်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက် ကို ဖြည့်တင်း ပေးနိုင်သောစာများ ရရှိရေးကိုရည်ရွယ်၍ စာဖတ်သူအရွယ်မျိုးစုံ ဖတ်ရှုလေ့လာနိုင်သော စာအုပ်များဖြင့် ဖွဲ့စည်းထားရှိခဲ့သည်။ ထိုစာကြည့်တိုက်သည် ဝါသနာရှင်အဆင့်မှလေ့လာသူအဆင့်အထိ အဆင့်ဆင့်သော စာဖတ်သူများအတွက် မိမိအာရုံနှင်ရာအလိုက် အသုံးပြုနိုင်ရန် စီစဉ်ထားသော စာကြည့် တိုက်ဖြစ်သည်။ ယခုအခါ စာပေ ဗိမာန်စာကြည့်တိုက်သည် စာတမ်းရေးလိုသူ၊ စာတမ်းဖတ်လိုသူ၊ ကျမ်းပြုစုလိုသူများ အတွက် အထူးကူညီပေးနိုင်သည့် ဝန်ဆောင်မှုမျိုးကို ပေးစွမ်းလျက်ရှိသည်။
ရည်ညွှန်းစာကြည့်တိုက်၊ ခေတ်မီစာကြည့်တိုက်နှင့် ကလေးစာကြည့်တိုက်စသည်ဖြင့် ခွဲခြားစီစဉ်ထား သောကြောင့်ကလေးများအတွက် စာဖတ်ရုံသာမက ပုံပြောပြိုင်ပွဲများ၊ စကားပြောစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။
စာပေဗိမာန်စာအုပ်အရောင်းဆိုင်
စာပေဗိမာန် စာအုပ်အရောင်းဆိုင်သည်စာပေဗိမာန်မှ ထုတ်ဝေသော စာပေဆုရ စာအုပ်များကို အဓိကထား၍ အခြားသော အစိုးရစာပေတိုက် ၁၄ တိုက်နှင့် ပုဂ္ဂလိက စာပေတိုက် ၆၉၇ တိုက်မှ စာအုပ်များကိုရောင်းချ ပေးလျက်ရှိသည်။ စာအုပ်များကိုလက်လှမ်းမီသမျှထားရှိရေး၊ စာအုပ်ဝယ်သူပြည်သူများအတွက် အစုံလင်ဆုံး သော စာအုပ်များရရှိနိုင်ရာ နေရာအဖြစ် ရပ်တည်နိုင်ရေးအတွက် ဖော်ဆောင်လျက်ရှိသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ယခင်နိုင်ငံ့ဂုဏ်ရည်နေရာ၌ စာပေဗိမာန်စာအုပ်အရောင်း ဆိုင်သစ်ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။
စာအုပ်အရောင်းဆိုင်နှင့်အတူ ပူးတွဲဆောင်ရွက်သောလုပ်ငန်းမှာ စာပေဗိမာန်စာအုပ်အသင်းဖြစ်သည်။ စာအုပ်အသင်း ထားရှိခြင်းသည် စာအုပ်ထုတ်ဝေသူနှင့်စာဖတ်သူတို့အကြား အမြဲမပြတ်ထိတွေ့ရင်းနှီး နေစေသော စာပေဆက်ဆံမှုဖြစ်သည်နှင့်အညီ စာပေယဉ်ကျေးမှုတစ်ခုကိုလည်း ဖော်ဆောင်စေနိုင်သည်။
ထိုရည်ရွယ်ချက်များနှင့် ၁၉၆၁ ခုနှစ်မှစ၍ ခရီးဆက်ခဲ့သော စာပေဗိမာန်စာအုပ်အသင်းသည် ယနေ့တိုင် အောင်မြင်တိုးတက်နေသော အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ စာပေဗိမာန်စာအုပ်အသင်းတွင် ယခုလက်ရှိ ရန်ကုန်အသင်းဝင်အနေဖြင့် ၆၇၆ ဦး၊ နယ်အသင်းဝင်အဖြစ် ၃၆၅ ဦး စုစုပေါင်း ၁၀၄၁ ဦးရှိသည်။
စာအုပ်လမ်းဖောက်ခြင်း
စာပေဗိမာန်သည် ပြန်ကြားရေးဝန်ကြီး ဌာန၏ လမ်းညွှန်မှုဖြင့် စာတမ်းဖတ်ပွဲများ၊ စာအုပ်ဈေးရောင်းပွဲတော်များ၊ ဏာပေ ဆွေးနွေးပွဲများနှင့် စာအုပ်လမ်းဖောက်ခြင်း လုပ်ငန်းများတွင် တတ်အားသရွေ့ ကူညီခဲ့သည်။၂၀၁၆ - ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံရေး စာတမ်းဖတ်ပွဲ၊ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲ၊ ဘာသာပြန်ဆိုင်ရာ စာတမ်း ဖတ်ပွဲများကို ကျင်းပသည်နှင့်တစ်ပြိုင်နက်ထိုစာတမ်းဖတ်ပွဲများ ဘေးပတ်လည်တစ်လျှောက်တွင် နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ စာအုပ်ဈေးရောင်းပွဲတော်များကို ကျင်းပပေးခဲ့သည်။
စာအုပ်ဈေးရောင်းပွဲတော် ယဉ်ကျေးမှုထွန်းကားလာရန်နှင့် ပြည်သူများ စာအုပ်ဝယ်ယူရာတွင် အဆင်ပြေစေရန်အတွက်ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိအနော်ရထာလမ်းနှင့် မဟာဗန္ဓလလမ်းကြား နေရာကို စာအုပ်လမ်းအဖြစ်သတ်မှတ်ပြီး မြန်မာနိုင်ငံ စာအုပ်ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းနှင့်ပူးပေါင်း၍ စာအုပ်ဆိုင်များ ခင်းကျင်းထားရှိရောင်းချခဲ့သည်။ မိုးရာသီတွင် ခေတ္တနားရုံမှလွဲ၍ ကျန်အချိန်များတွင် စာအုပ်လမ်းဈေးရောင်းပွဲတော်ကို ကျင်းပခဲ့သည်။
စာပေပွဲတော် အစီအစဉ်သစ်တစ်ခုအနေဖြင့် အမျိုးသားစာပေဆုရရှိသူများ ပါဝင်သည့် စာပေစကားဝိုင်း ဆွေးနွေးပွဲကို၂၀၁၉ ခုနှစ် နှစ်စပိုင်းတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပနိုင်ခဲ့သည်။ မိမိတို့စာအုပ်များ မည်သို့အမျိုးသားစာပေဆု ရရှိခဲ့သည်ကိုအကြောင်းပြုပြီး စာပေရေးရာအဝန်းအဝိုင်း တစ်ခု လုံးကို လွှမ်းခြုံနိုင်သော ဆွေးနွေးပွဲအဖြစ် အကျိုးရလဒ်များစွာ ရရှိစေခဲ့သည်။
ပုံနှိပ်လုပ်ငန်းဆောင်ရွက်မှုများ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အနေဖြင့် ပညာရေးဝန်ကြီးဌာနက အပ်နှံသော အခြေခံပညာကျောင်းသုံး ဖတ်စာအုပ်များ၊ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းကို နှစ်စဉ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန် အတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်အတွက်ကျောင်းသုံးအမှာစောင်ရေ ၁၉ ဒသမ ၂၃၂သန်း၊ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ် အမှာစောင်ရေ ၁၇ ဒသမ ၁၀၉ သန်းနှင့် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်အမှာစောင်ရေ ၃၅ ဒသမ ဝ၂၅ သန်းကိုဆောင်ရွက်ခဲ့သည်။
မှတ်တမ်းစာအုပ်များအနေဖြင့် ရခိုင်ပြည်နယ်၏ တစ်နှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းစာအုပ်၊ ရခိုင်ပြည်နယ် အကြံပြုချက် ပထမအကြိ ပြည်သူသို့ အစီရင်ခံစာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ(ပထမအကြိမ်)၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအကြိမ်)၊ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်၊ ပြည်သူ့အတွက် ပထမရက်တစ်ရာစာအုပ်၊ ပြည်သူ့အတွက် ပထမ(၁)နှစ်တာ၊ ပြည်သူ့အတွက် ဒုတိယ (၁)နှစ်တာ ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနညီလာခံ၊ ဃြဗ လက်မှတ်ရေးထိုးပွဲ စသည့်မှတ်တမ်း စာအုပ်များကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွင် အသုံးပြုမည့်ဆန္ဒမဲလက်မှတ်များကို ပုံနှိပ်ဆောင်ရွက်ခဲ့သည်။
စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
မြန်မာ့စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေ ရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သဖြင့် အက္ခရာ စဉ်စနစ်အရ “က” တည်ပုဒ်ပြီးလျှင် “ခ”တည်ပုဒ်၊ “ခ” တည်ပုဒ်ပြီးလျှင် “ဂ”တည်ပုဒ် အစရှိသည်ဖြင့် “အ” အက္ခရာတည်ပုဒ်အထိဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်သည်။ ယခုအခါ မြန်မာ့စွယ်စုံကျမ်းအတွ ၁ ကို အချောသပ် ဆောင်ရွက်လျက်ရှိပြီး မကြာမီ စာဖတ်သူလက်ထဲသို့ အရောက်ပေး ပို့နိုင်ရန်နှင့် ဆက်လက်ပေါ်ပေါက်လာမည့်အတွဲများအတွက်လည်း စာတည်းအဖွဲ့က ကြိုးစားဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မြန်မာဂန္ထဝင်အတွဲ ၁၀ဝ စာစဉ်လုပ်ငန်းများကိုလည်း ဘာသာရပ်အလိုက် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ အစရှိသဖြင့် စာစဉ်အတွဲ ၁၀ဝ ပြည့်မြောက်အောင်မြင်ရန်နှင့် သင့်တော်သော ကာလ တစ်ခုအတွင်း ပြီးမြောက်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အစဉ်အလာရှိခဲ့ပြီး ခိုင်မာမှုရနေပြီဖြစ်သည့် စာတမ်းဖတ်ပွဲများ၊ စာပေဆွေးနွေးပွဲများကို ခေတ်ပြိုင်စာပေ အကြောင်းအရာ ပေါ်ပေါက်လာချက်များအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ စာအုပ်လမ်း ပြုလုပ်၍ စာအုပ်ဈေးရောင်းပွဲတော်များနှင့်စာအုပ်မိတ်ဆက်ပွဲများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ပုံနှိပ်လုပ်ငန်းများ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည်အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ထုတ်စာအုပ်စာစောင်များ၊ အချိန်နှင့် တစ်ပြေးညီ ပုံနှိပ်ထုတ်လုပ်ခြင်း၊ အခြားအစိုးရဌာနများနှင့်ပုဂ္ဂလိကတို့အပ်နှံသော လုပ်ငန်းများကို အရည် အသွေးကောင်းမွန်စွာ ပုံနှိပ်ခြင်း၊ နိုင်ငံတော်မှကျင်းပပြုလုပ်သည့် အခမ်းအနား များ၏ မှတ်တမ်းစာအုပ်များကို ပုံနှိပ်ထုတ်လုပ်ခြင်းစသည့် ပုံနှိပ်လုပ်ငန်းများအပြင်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများအတွက် မဲလက်မှတ်များရိုက်နှိပ်ခြင်း၊ ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲအတွက် မဲလက်မှတ်များ ရိုက်နှိပ်ခြင်း များကိုလုံခြုံမှုရှိစွာဖြင့် အချိန်မီပုံနှိပ်ပေးခြင်း၊ ပညာ ရေးဝန်ကြီးဌာန၏ ကြိုတင်ညှိနှိုင်းချက်အရ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တို့အတွက် အခြေခံပညာ ကျောင်းသုံး ဖတ်စာအုပ် အမှာစောင်ရေ သန်း ၄၀ ခန့်ပုံနှိပ်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်သည်။
သမိုင်းအစဉ်အလာကောင်းများနှင့် ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပြီး အဆောက်အဦအနေဖြင့် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)၏ အပြာရောင်ကမ္ပည်းမှတ်တမ်း ရိုက်နှိပ်ခံရပြီးဖြစ်သော မူလက ရန်ကုန်ဗဟိုအကျဉ်းထောင် စတင်တည်ထောင်ရာ ထိုမှတစ်ဆင့် အစိုးရပုံနှိပ်တိုက်မှသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအဖြစ် အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာပြီး နှစ်ပေါင်း ၁၃၀ ကျော်တိုင်ခဲ့ပြီ ဖြစ်သည့်ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည်နိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ပင်မ ဒေါက်တိုင်ကြီးတစ်ခုအဖြစ် ရပ်တည်လျက် ပုံနှိပ်ထုတ်ဝေရေး၊ မြန်မာစာပေဖွံ့ဖြိုး ရေးများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေ သကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။