မလှိုင်  ၃၁  မတ်

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် မြောက်လည်အုပ်စု ကျပ်ဖြူကျေးရွာတွင် မတ် ၃၀ ရက် ည ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မလှိုင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်(၃)စီး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၃၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုသည် ဦးကျော်ရ (၈၀)နှစ် (ဘ)ဦးကြွယ် နေအိမ်ရှိ သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် ဦးကျော်ရ၏ သွပ်မိုးထရံကာ နေအိမ်နှင့် ဦးကျော်ဝင်းနိုင်၏ သွပ်မိုးထရံကာ နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ ဦးကျော်ရအား အမှု့ဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ထီလာကိုငယ်လေး