ရန်ကုန်   ၃၁  မတ်

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ နယ်မြေ (၁၅) စက္ကူစက်လမ်းသွယ်၌ ယနေ့  မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က လမ်းဘေးကိုင်းတောအတွင်းရှိ သစ်ရွက်ခြောက်များ မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်ဌာနမှ မီးသတ်ယာဉ် တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

11122

 

အလားတူ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်က သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု အလယ်ရွာရှိ င်္သချိုင်းကုန်းဟောင်းဘေး မြက်ခြောက်များ မီးလောင်မှုဖြစ်ပွားသဖြင့် ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။ 

မီးလောင်မှုကြောင့် အဆောက်အဦ၊ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)