သင်္ဃန်းညီနောင်  ၃၁  မတ် 

 

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင် ပူးပေါင်းစစ်ဆေးဂိတ်တွင် စစ်ဆေးရေးတာဝန်ကျ တပ်ဖွဲ့ဝင်များမှ သင်္ကြန်ကာလ မှုခင်းကြိုတင်ကာကွယ်ရေးအတွက်  ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများဆောင်ရွက်စဉ် တရားမဝင်သယ်ဆောင်လာသော အကောက်အခွန်မဲ့ ဘီယာဖာများ သိမ်းဆည်းရမိခဲ့ကြောင်း မတ်လ ၃၁ ရက်နေ့က သင်္ဃန်းညီနောင် နယ်မြေရဲစခန်းက သိရသည်။

 

မြဝတီခရိုင်အတွင် သင်္ကြန်အကြိုကာလ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများကို မတ်လ ၂၈ ရက်နေ့က  စတင်ပြီး သင်္ဃန်းညီနောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ခဲ့ရာ မြဝတီမြို့ အာရှလမ်းအတိုင်း မြဝတီဘက်မှ မင်းအောင်(၃၇-နှစ်)၊ ကျွန်းတောကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ မွန်ပြည်နယ်နေသူ မောင်းနှင်လာသော အဖြူရောင်ယာဉ်ပေါ်မှ တစ်ဘက်နိုင်ငံမှ တရားမဝင်တင်သွင်းလာသော အကောက်အခွန်မဲ့ SINGHA အမျိုးအစား  ဘီယာ(၂၄)ဘူးပါ  (၄၀)ကဒ်၊ စုစုပေါင်းတန်ဖိုး ခြောက်သိန်းလေးသောင်းကျပ်ခန့်ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် မင်းအောင်အား သင်္ဃန်းညီနောင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)