၁ ဧပြီ
အစ္စရေးအစိုးရဟာ ဧပြီလမှာ ရွေးကောက်ပွဲတွေကျင်းပဖို့ ဆုံးဖြတ်ခဲ့သလို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအနေနဲ့လည်း ပါလီမန်မှာ တစ်နေရာစာရရှိဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲမတိုင်မီ သူဟာ အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ ရင်ဆိုင်ရမယ့်အနေအထားကိုလည်း တွေ့နေရပါတယ်။
ပြီလအစောပိုင်းမှာ ကျင်းပမယ်နေတန်ယာဟုဟာ မကြာသေးမီက တရားရေးရာတွေနဲ့ နိုင်ငံရေးဒုက္ခတွေ ခံစားခဲ့ရသော်လည်း သူဟာ ရွေးကောက်ပွဲသစ် ကျင်းပပြီးစီးချိန်မှာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့ အခွင့်အရေးပိုများတယ်လို့ လူထုသဘောထား ဆန်းစစ်ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ သိရပါတယ်။ ရွေးကောက်ပွဲလွန်ကာလမှာ အကယ်၍ သူသာဝန်ကြီးချုပ်ဆက်ဖြစ်နေမယ် ဆိုပါက သူဟာအစ္စရေးနိုင်ငံရဲ့ သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။
ခန့်မှန်းခြေရသုံးငွေစာရင်းနဲ့ အမျိုးသားရေးတာဝန်အကြောင်းပြချက်တွေနဲ့အတူ နေတန်ယာဟုရဲ့ အတိုက်အခံပါတီမှ ပါတီခေါင်းဆောင်တွေဟာလည်း ရွေးကောက်ပွဲကို ဧပြီလအစောပိုင်းမှာ ကျင်းပဖို့ သဘောတူခဲ့ပါတယ်။
ရက်မသတ်မှတ်ရသေး
ဧပြီလအစောပိုင်းမှာ ရွေးကောက်ပွဲတွေကျင်းပဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ဘယ်နေ့မှာ အတိအကျ ကျင်းပမလဲဆိုတာကတော့ မသေချာသေးပါဘူး။ သို့သော်လည်း အစ္စရေးမီဒီယာတွေ ကတော့ ရွေးကောက်ပွဲတွေကို ဧပြီ ၉ ရက်မှာ ကျင်းပမယ်လို့ နှပ်ကြောင်းပေးဖော်ပြခဲ့ကြပါတယ်။
သတင်းထောက်တွေကို နေတန်ယာဟုက သူ့အနေနဲ့ သူ့ရဲ့အောင်မြင်မှုတွေကိုလာမယ့် ရွေးကောက်ပွဲမှာ မြင်တွေ့နိုင်ဖို့ မျှော်လင့်ထားသလို လက်ရှိအတိုက်အခံကလည်း နောက်လာမယ့် အတိုက်အခံဖြစ်လာမယ်ဆိုပြီး ပြောခဲ့ပါတယ်။ လက်ရှိအတိုက်အခံဟာ အစ္စရေးနိုင်ငံရဲ့ သမိုင်းမှာ ကာလအရှည်ကြာဆုံး လက်ယာနိုင်ငံရေးအုပ်စု လည်းဖြစ်ပါတယ်။
ကောင်းမွန်စွာ ကိုင်တွယ်ဖို့ အချိန်ယူရဦးမယ်
မဲဆန္ဒရှင်တွေထံက ရှင်းလင်းတဲ့ လုပ်ပိုင်ခွင့်ပေးဖို့ တောင်းဆိုရမှာဖြစ်သလို အစ္စရေးနိုင်ငံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်လက်ချီတက်ခွင့် တောင်းဆိုရမှာဖြစ်ကြောင်း နေတန်ယာဟုက ပြောခဲ့ပါတယ်။
Ultra-Orthodox ပါတီနဲ့ဆိုင်တဲ့ အဓိက ဥပဒေကြမ်းကို မဟာမိတ်ပါတီက သဘောတူမယ့်အချိန်မှာ အခုလိုမျိုး ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။ Ultra-Orthodox ပါတီဟာ မဟာမိတ်ပါတီရဲ့ ၆၁ နေရာအနက် ၁၃ နေရာကို ရရှိထားပြီး မူဝါဒပိုင်းဆိုင်ရာကို လွှမ်းမိုးထားပါတယ်။
ဂါဇာအပစ်ရပ်စဲရေး သဘောတူညီချက် အငြင်းပွားမှုကြောင့် ကာကွယ်ရေးဝန်ကြီး အဗစ် ဒေါလိုင်ဘာမင်းန် နိုဝင်ဘာလမှာ နုတ်ထွက်သွား ပြီးနောက် နေတန်ယာဟုရဲ့ ညွန့်ပေါင်းအဖွဲ့က ပါလီမန်မှာ တစ်နေရာသာ ကျန်ရှိခဲ့ပါတယ်။ယိစ်ရေးလ်ဘိုင်တီနူပါတီဟာ ကာကွယ်ရေးဝန်ကြီး နုတ်ထွက်ခဲ့တဲ့အတွက် မဟာမိတ်ပါတီမှ ငါးနေရာ ဖယ်ပေးခဲ့ရပါတယ်။ မဟာမိတ်ပါတီဟာ နေရာအရေအတွက် တဖြည်းဖြည်းလျော့နည်းလာ တဲ့အတွက် အဲဒီအချိန်မှာ နေတန်ယာဟုဟာ မဟာမိတ်ပါတီကို ကယ်တင်ဖို့ အလုပ်အတော် လုပ်ရမှာပဲဖြစ်သလို ဂါဇာအပစ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတဲ့ အတွက် အဲဒါတွေကို ကောင်းမွန်စွာကိုင်တွယ်နိုင်ဖို့လည်း ရက်သတ္တပတ်အတော်ကြာ အချိန်ယူရမှာ ဖြစ်ပါတယ်။
အချိန်အခါကောင်း မဟုတ်သေး
နေတန်ယာဟုက အခုလို နိုင်ငံအနေနဲ့ ထိလွယ်ရှလွယ်တဲ့ လုံခြုံရေးဆိုင်ရာအခြေအနေ အထူးသဖြင့် အစ္စရေးနိုင်ငံဟာ ဟစ်ဇ်ဘိုလာဥမင်ကို ဖျက်ဆီးဖို့အရေး စစ်ရေးဆိုင်ရာဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ ရွေးကောက်ပွဲတွေဟာ သင့်တော်တဲ့ အချိန်အခါမဟုတ်သေးဘူးလို့ အငြင်းပွားပြောဆိုခဲ့ပါတယ်။
ဥမင်လိုဏ်ခေါင်းစစ်ဆင်ရေးဟာ မကြာမီပြီးဆုံးတော့မှာဖြစ်ကြောင်း ပြောခဲ့သလို ရွေးကောက်ပွဲကိုပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဟာလည်း အချိန်အခါကောင်း မဟုတ်သေးဘူးလို့ မကြာသေးမီက နေတန်ယာဟုက ပြောခဲ့ပါတယ်။
အကောင်းဆုံးလူ
သို့သော်လည်း အတိုက်အခံပါတီအုပ်စုဖြစ်တဲ့ Zionist Union ကတော့ ရွေးကောက်ပွဲကို စောပြီးကျင်းပဖို့ သဘောတူခဲ့ပါတယ်။ ဘင်ဂျမင်နေတန်ယာဟုရဲ့ အချိန်ဟာ ကုန်ဆုံးသွားပြီလို့ အတိုက်အခံအုပ်စုဖြစ်တဲ့ Zionist Union ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
နေတန်ယာဟုဟာ အကျင့်ပျက်ခြစားမှုဆိုင်ရာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရပြီး အပူမီးဝိုင်းလျက်ရှိပါတယ်။ ရဲတွေကလည်း နေတန်ယာဟုကို သက်သေသာဓကသုံးခုနဲ့ စွဲချက်တင်ခဲ့သလို ရှေ့နေချုပ်ကလည်း ဘယ်လိုဆက်ပြီး ဆောင်ရွက်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားနေတယ်လို့ သိရပါတယ်။
စွဲချက်တင်ရုံလောက်နဲ့တော့ နေတန်ယာဟုကို ဖြုတ်ချလို့မရသလို အကယ်၍ သူ့အနေနဲ့ ကျူးလွန်ခဲ့တယ်ဆိုရင်တောင် သူ့ရဲ့လီကွတ်ပါတီ ဟာ ရွေးကောက်ပွဲပြီးနောက် ပါလီမန်မှာ အလုံးအရင်းနဲ့ ကျန်ရှိနေဦးမှာဖြစ်ပါတယ်။
တချို့ လေ့လာစောင့်ကြည့်သူတွေက နေတန်ယာဟုဟာ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာ သမျှသော ကိစ္စရပ်တွေကိုရင်ဆိုင်ဖို့ အကောင်းဆုံး သူတစ်ယောက်ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။
ဝန်ကြီးချုပ် လုပ်သက ်၁၂ နှစ်ကြာနေတန်ယာဟုရဲ့ ဝန်ကြီးချုပ် လုပ်သက်ဟာ မနည်းတော့ဘဲ စုစုပေါင်း ၁၂ နှစ်တောင်ကျော်ခဲ့ပါပြီ။ သူဟာ ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ လည်းကောင်း၊ ထိုမှတစ်ဖန် ၂၀ဝ၉ ခုနှစ်မှ ယခုအချိန်အထိလည်းကောင်း ဝန်ကြီးချုပ်လုပ်ခဲ့တာပါ။
အကယ်၍သာ သူသာ နောက်တစ်နှစ်ထပ်ပြီး ဝန်ကြီးချုပ်ဖြစ်ခဲ့ပါက သူဟာအစ္စရေး တည်ထောင်သူဖခင်ကြီး ဒေးဗစ်ဘန်ဂူရီယန်ရဲ့ ၁၃ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ စံချိန်ကို ချိုးနိုင်တော့မှာ ဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲလှုံ့ဆော်မှုမှာ ပူညံပူညံဖြစ်ဦးမယ့်သဘောကို တွေ့ရပါတယ်။ ဘာဖြစ် လို့လဲဆိုရင် နေတန်ယာဟုရဲ့ ဆန့်ကျင်ဘက် အတိုက်အခံတွေက သူ့ရဲ့ဂုဏ်သိက္ခာတွေကို “ဦးဦးလုံခြုံရေး” လို့တောင် အမည်ပေးကင်ပွန်း တပ်မယ့်သဘောကို တွေ့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဘယ်သူဖြစ်မလဲလက်ယာယိမ်းအတိုက်အခံ အင်အားစုတွေ ဆန့်ကျင်တဲ့ ဂါဇာအပစ်ရပ်စဲရေးသဘောတူညီမှု အပေါ် သက်ရောက်ခဲ့တဲ့ နေတန်ယာဟုရဲ့ လုံခြုံရေး ဆိုင်ရာ ထောက်ခံချက်အတော်များများဟာ အလုပ် ဖြစ်မဖြစ်တော့ မကျိန်းသေသေးပါဘူး။
နေတန်ယာဟုကို ယှဉ်ဖို့နဲ့ သူ့ရဲ့ အတိုက်အခံ လက်ယာယိမ်းပါတီကိုယှဉ်ဖို့ ဗဟိုလက်ဝဲယိမ်း ပါတီကလည်း မစွမ်းသာတဲ့သဘောကို တွေ့ရပါတယ်။
ဝန်ကြီးချုပ်နေတန်ယာဟုဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။
မကြာသေးမီကပြောခဲ့တဲ့ နေတန်ယာဟုရဲ့ မှတ်ချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ရေးနဲ့ အမေရိကန်သံရုံးကို အဲဒီကိုပြောင်းရွှေ့ ဖွင့်လှစ်လိုက်ခြင်းဟာ အစ္စရေးရဲ့အကြီးဆုံး အောင်မြင်မှုပဲလို့ မှတ်ချက်ချပြောခဲ့ပါတယ်။
အစ္စရေးနိုင်ငံမှာ ရွေးကောက်ပွဲကို ဆောလျင်စွာကျင်းပခြင်းဟာ သတ်မှတ်ချက် တစ်ခုသာဖြစ်ပြီး ဘယ်အစ္စရေးအစိုးရမှ သက်တမ်းပြည့် အုပ်ချုပ်ဖို့ မလွယ်လောက်ပါဘူး။ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ နိုင်ငံရဲ့လုံခြုံရေး အခြေ အနေကြားထဲမှာ ကျင်းပမယ့် လာမယ့် ရွေးကောက်ပွဲမှာ နေတန်ယာဟုသာ အနိုင်ရခဲ့ မယ်ဆိုပါက သက်တမ်းအကြာဆုံး ဝန်ကြီးချုပ် ဖြစ်လာဦးမှာပါ။ ။
ကိုးကား-အေအက်ဖ်ပီ