မက်ဒရစ် ၁ ဧပြီ

စပိန်နိုင်ငံမက်ဒရစ်မြို့ရှိ မြောက်ကိုရီးယား သံရုံးကို ဖေဖော်ဝါရီလအတွင်းက အလစ်ဖမ်းတိုက်ခိုက်ခံရခြင်းမှာ စိုးရိမ်ဖွယ်ကောင်းသည့် အကြမ်းဖက်တိုက်ခိုက်မှုဟု မြောက်ကိုရီးယားဘက်က မတ် ၃၁ ရက် တွင် ပြောခဲ့သည်။

လွန်ခဲ့သောလက လက်နက်ကိုင် လူတစ်စုသည် စပိန်ရှိမြောက်ကိုရီးယားသံရုံးကို ဖောက်ခွဲဝင်ရောက်ခဲ့ပြီး အချက်အလက်များ၊  ကွန်ပျူတာများကို   ယူဆောင်၍ မထွက်ပြေးမီ  သံရုံးဝန်ထမ်းများကို ရိုက်ပုတ်ခဲ့ကြောင်း သိရသည်။   မြောက်ကိုရီးယားခေါင်းဆောင်ကင်နှင့်    အမေရိကန်သမ္မတတို့ ဟနွိုင်းမြို့ ၌ မတွေ့ဆုံမီတစ်ရက်ခန့်အလိုက  ယင်းကဲ့သို့ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

ယင်းစီးနင်းတိုက်ခိုက် ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခုလို မှတ်ချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖြစ်ရပ်တွင် အက်ဖ်ဘီအိုင်ဘက်မှ ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားဘက်က ယူဆခဲ့ပြီး             အကြမ်းဖက်မှုအတွက် ကျူးလွန်သူများကို တရားဥပဒေအရအပြစ်ပေးရန် စပိန် အာဏာပိုင်များကို တောင်းဆိုခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဖေဖော်ဝါရီ ၂၂ ရက်က  ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စပိန်နိုင်ငံရှိ မြောက်ကိုရီးယားသံရုံးကို လက်နက်ကိုင် တစ်စုကဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေစီအင်န်အေ သတင်းအေဂျင်စီမှ ဖော်ပြသောသတင်း ထုတ်ပြန်ချက်တွင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။

မက်ဒရစ်မြို့တွင် ယင်းတိုက်ခိုက် ခံရမှုအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ် နေပြီဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ယင်းလက်နက်ကိုင်အုပ်စု၏ ခေါင်းဆောင်ဖြစ်သူမှာ မက္ကဆီကန်အမျိုးသား အေဒရင်ဟောင်ချိန်းဆိုသူဖြစ်ကြောင်း စပိန်တရားရုံးက အမည်ထုတ်ဖော်ခဲ့ပြီး တိုက်ခိုက်မှုကျူးလွန်ပြီး        ငါးရက်ခန့် အကြာတွင် ၄င်းမှာနယူးယောက်မြို့ရှိ  အက်ဖ်ဘီအိုင်နှင့်    အဆက်အသွယ်ရှိ ကြောင်းသိရသည်။ 

အေအက်ဖ်ပီ