ကိယက်ဗ် ၁ ဧပြီ

ယူကရိန်းနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို မတ် ၃၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူပေါင်း  ၃၉  ဦးခန့် ရှိကြောင်း သိရသည်။

တိုင်းပြည်တစ်ဝန်း မဲရုံပေါင်း ၂၉၉၀ဝ  ခန့်ဖွင့်လှစ်ထားပြီး နံနက် ၈ နာရီမှ စတင်ဖွင့်လှစ်ခဲ့ကာ  ည ၈ နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားတိုင်းပြည်  ၇၂ ခုတွင် မဲရုံပေါင်း  ၁၀၁  ခု  ဖွင့်လှစ်ထားကြောင်း သိရသည်။ နိုင်ငံပေါင်း  ၁၆  နိုင်ငံမှ အပြည်ပြည်ဆိုင်ရာ  လေ့လာသူပေါင်း ၂၃၄၄ ဦးခန့်ရှိပြီး မဲပေးမှုကိုစောင့်ကြည့်မည့် အပြည်ပြည်ဆိုင်ရာက အဖွဲ့အစည်းပေါင်း  ၁၅  ခုရှိကြောင်း ယူကရိန်းဗဟို ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

ရွေးကောက်ပွဲ ကာလအတွင်း ငြိမ်းငြိမ်းချမ်းချမ်းရှိစေရန် တရားဥပဒေယူကရိန်းသမ္မတ ရွေးကောက်ပွဲ စတင်စိုးမိုးရေးအဖွဲ့ဝင်ပေါင်း ၁၃၄၃၈၁ ဦးခန့်ကို တပ်ဖြန့်ချထားကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် လက်ရှိသမ္မတပီထရိုပိုရိုရှန်ကို၊  အတိုက်အခံနိုင်ငံရေးသမား ယူလီယာတီမိုရှန်ကိုနှင့် သရုပ်ဆောင် ဗိုလိုဒီမာဇန်လီစကီ တို့က ရှေ့တန်းက ပြေးနေကြောင်းသိရသည်။ 

နောက်ဆုံးရလဒ်များကို မေ ၄ ရက်တွင် ကြေညာသွားမည်ဖြစ်ပြီး သမ္မတသည် ဇွန် ၃ ရက်တွင် စတင်တာဝန်ထမ်းဆောင် ရမည်ဖြစ်သည်။   

ဆင်ဟွာ