ဘားအံ  ၁   ဧပြီ 


ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံ-မြဝတီကားလမ်းတွင် ပြောင်းဖူးစေ့အိတ်များ တင်ဆောင်လာသော တွဲယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။


မတ်လ ၃၀ ရက် နံနက်ပိုင်းက ဘားအံ-မြဝတီကားလမ်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အိန္ဒု နယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်မင်းလွင် ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဘားအံ-မြဝတီကာလမ်းအတိုင်း ဘားအံဘက်မှ မြဝတီဘက်သို့ ယာဉ်မောင်း အောင်ကိုအေး(၄၁-နှစ်) သာယာဝတီ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် စောဝါးဂေ(၂၂-နှစ် ကျောက်တံခါး မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူလိုက်ပါလာသော ယာဉ်အမှတ်4P/----- နံပါတ်တပ် MAN အမျိုးအစား၊ အပြာရောင်တွဲယာဉ်သည် ပြောင်းဖူးစေ့အိတ် (၆၉၇)အိတ်အား တင်ဆောင်မောင်းနှင်လာစဉ်  ဘားအံမြို့နယ်၊လွန်းညကျေးရွာအုပ်စု၊ ခနိမ့်ဒိုကျေးရွာအနီးအရောက် မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင်လာသော ယာဉ်များအား လမ်းယာဘက်သို့ကပ်၍ရှောင်တိမ်းပေးစဉ် လမ်းယာဘက်ခြမ်းရှိ လမ်းပခုံးသားမှာအိကျ၍ ယာဉ်မှာယာဘက်သို့တိမ်းစောင်းသွားပြီး တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့တွင် ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်းနှင့် ယာဉ်မောင်းဖြစ်သူ အောက်ကိုအေး အား အိန္ဒုနယ်မြေရဲစခန်းက  အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။


မင်းသူ(ဘားအံ)