မြဝတီ ၁ ဧပြီ
ကရင်ပြည်နယ် မြဝတီမြို့ ရေလယ်ကျွန်းတွင် မူးယစ်ဆေးဝါးသတင်းအရ ပိတ်ဆို့ရှာဖွေစစ်ဆေးရာမှ အမျိုးသားတစ်ဦးထံမှ WY စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့် မြဝတီခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် မျိုးကျော်ဦးစီးအဖွဲ့ဖြင့် မြဝတီမြို့ အမှတ်(၁)ရပ်ကွက် ရေလယ်ကျွန်းတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ဟိန်းမျိုးဦး(ခ)သိန်းဇော်မျိုး(၂၉ နှစ်)ဝါးတောရပ်၊ အမှတ်(၅)ရပ်ကွက်၊မြဝတီမြို့နေသူထံမှ စိတ်ကြွဆေးပြား ပန်းရောင်(၆၉၁)ပြား အစိမ်းရောင်(၇)ပြား စုစုပေါင်း စိတ်ကြွဆေးပြား(၆၉၈)ပြား၊ အလေးချိန် (၆၉.၈)ဂရမ်နှင့် မြန်မာငွေကျပ် ငါးသောင်းတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် WY စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသူ ဟိန်းမျိုးဦး(ခ)သိန်းဇော်မိုးအား မြဝတီမြို့မရဲစခန်းကမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မင်းသူ(ဘားအံ)