မြိတ်  ၁ ဧပြီ


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အေးချမ်းသာယာရပ်ကွက် ဂန့်ဂေါ်လမ်းနှင့်သစ္စာလမ်းထောင့်တွင် ဦးမင်းဟို ပိုင်ဆိုင်ပြီး ငှားရမ်းနေထိုင်သူ ဒေါ်ဇင်မာနိုင် နေအိမ်မှ မတ်လ(၃၁)ရက် ည (၈:ဝ၅)နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

1


မီးစတင် လောင်ကျွမ်းသည့် နေအိမ်သည် အလျား(၂၀)ပေ×အနံ(၂၀)ပေရှိပြီး ဓနိမိုး၊ ဝါးထရံကာ၊ပျဉ်ခင်း တစ်ထပ်နေအိမ်ဖြစ်၍ ၎င်းနေအိမ်၌ ဘုရားမီး ပူဇော်ထားသော အမွေးတိုင်မီး ကျိုးကျပြီး ဘုရားစင်အောက်ရှိ ခေါင်းအုံးပေါ်သို့ ကျရာမှ မီးလောင်မှုဖြစ်ပွားကာ အဆိုပါ နေအိမ်နှင့် ကပ်လျက်ရှိသော အလျား(၁၅)ပေ×အနံပေ (၂၀) ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းတစ်ထပ်နေအိမ်ပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

1


မီးလောင်နေမှုကို ပြည်သူတစ်ဦးက မီးသတ်ဦးစီးဌာနသို့ ဖုန်းဖြင့် သတင်းပေးသဖြင့် မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ် စခန်းများမှ မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း(၂၅)စီးဖြင့် မြိတ်ခရိုင်မီး သတ်ဦးစီး ဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်းငြိမ်းသတ်ခဲ့ရာ ၈ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ မိနစ် ၂၀ တွင်  မီးငြိမ်းခဲ့ကြောင်းသိရသည်။
    

ခိုင်ထူး (မြိတ်ပြန်/ဆက်)