နေပြည်တော် ၁  ဧပြီ 

 

သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးလျှက်ရှိရာ မတ် ၂၈ ရက် မှ မတ် ၃၀ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဘိုးတော် ချောင်းအတွင်းမှ တရားမဝင် တောင်သရက်သစ်/ခွဲသား ၄၃ ဒသမ ၃၅၇၆ တန် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ ၅ ဒသမ ၃၈၂၀ တန် နှင့် ကချင်ပြည်နယ်၊ မံစီမြို့နယ် အတွင်းမှ တရားမဝင် ကျွန်း/လုံးပတ် (၃)ပေအောက်ကျွန်းသစ် ၁၀ ဒသမ ၈၃၆၀ တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဇောင်းတူ-တိုက်ကြီးကားလမ်း အနီး၌ ယာဉ်အမှတ်၊ xxxxxxxx CANTER(၆)ဘီး အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား ၄ ဒသမ ၉၆၈၀ တန်နှင့် ပြစ်မှုကျူးလွန်သူ (၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်

 

1