မြစ်ကြီးနား  ၂  ဧပြီ 

ကချင်ပြည်နယ်၏ အထူးခြားဆုံးနှင့် ပထမဆုံး ကုန်စည်ပြပွဲ (Myitkyina Trade Fair ) ဖွင့်ပွဲကို ဧပြီ ၂ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြို့တော်ခန်းမရှေ့ မုခ်ဦးတွင် ကျင်းပသည်။

ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်နှင့် ကုန်စည်ပြပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဖုန်းမြင့်တို့က ကုန်စည်ပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်စည်ပြပွဲအတွင်း ခင်းကျင်းပြသထားရှိမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါကုန်စည်ပြပွဲတွင် စားသောက်ကုန်၊ လူသုံးကုန်(လျှပ်စစ်)၊ အသုံးအဆောင်ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးဝါးများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ကျန်းမာရေးအထောက် အကူပြု အသုံးအဆောင်ပစ္စည်းများကို ကုမ္ပဏီ ၇၀ မှ ဆိုင်ခန်းပေါင်း ၁၁၇ ခန်းက ဧပြီ ၂ ရက်မှ ၆ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး လာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများအား နေ့စဉ်ကံစမ်းမဲများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ဝင်းနိုင်(ကချင်မြေ)

 

mdn