လေးမျက်နှာ   ၂   ဧပြီ  

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် အရန်မီးသတ် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုပေးအပ်သည့် အရန်မီးသတ်တူညီဝတ်စုံများသည် လေးမျက်နှာမြို့နယ်အတွင်းရှိ အရန်မီးသတ်အင်အားထဲမှ A-Group နှင့် B- Group မှာရှိတဲ့ အမာခံအင်အားစာရင်းဝင် အရန်မီးသတ်များအား ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အရန်မီးသတ်များအနေဖြင့် မိမိတို့အဖွဲ့မှဦးစီး၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊  သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ကြရန် ကြိုတင်ပြင်ဆင်ထားရန် မြို့နယ်မီးသတ် အဖွဲ့နှင့်ပူးပေါင်း၍ လုပ်ဆောင်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် အရန်မီးသတ်တူညီဝတ်စုံများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက် မြို့နယ်ရဲမှူးဇော်ဝင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်းတို့က ပေးအပ်ရာ အရန်မီးသတ်တပ်ခွဲမှူးများနှင့် အရန်မီးသတ်တပ်စုမှူးတို့က အသီးသီးလက်ခံရယူကြသည်။

အဆိုပါ အခမ်းအနားသို့ NGO အဖွဲ့အစည်းများ မြို့နယ်ကြက်ခြေ နီတပ်ဖွဲ့ဝင်များ မြို့နယ်ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သန္ဓေတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)

 

mdn