နေပြည်တော် ၂ ဧပြီ

မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၁ ရက် ညနေ ၄ နာရီခွဲက ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၌ ထွန်းထွန်းဝင်းနှင့် ထက်နောင်ဝင်း (ခ)ကိုထက်တို့အား မော်တော်ဆိုင်ကယ်နှင့်အတူ တွေ့ရှိ၍ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၅၆၀  သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဧပြီ ၁ ရက် နံနက် ၆ နာရီက မူးယစ်တပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်မြို့နယ်၊ နန်းရာကုန်းကျေးရွာအုပ်စု၊ သံခြေရွာနှင့် ကွန်ဒိုင်ကျေးရွာအစပ် တောင်ကြားလမ်းတွင် ရှောင်ရှူးအာလောင်အားရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၆,၁၀ဝ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြား များ ပို့ဆောင်ခိုင်း သူ နန်းရာကုန်း(အထက်)ကျေးရွာနေ မရိုမီနာနှင့် စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် ဟူဆိန်းဂျူဟက်(ခ)ဂျော်ကာ ဘူးသီးတောင်မြို့၊ အမှတ်(၃)ရပ်ကွက်နေသူတို့အား ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ယင်းနေ့ညနေပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ "ရွှေအေးစေ" တည်းခိုခန်းဝင်းအတွင်းသို့ ရောက်ရှိလာသည့် HARRIER အမျိုးအစားမော်တော်ယာဉ်ပေါ်မှ ဆင်းလာသူ ဒေါ်အေးယိင်းအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၄,၁၅၇ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MDN