ပြီးခဲ့သည့် နှစ်ပတ်အတွင်း အီရန်နိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုများကြောင့် လူပေါင်း ၅၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အီရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အင်္ဂါနေ့က ပြောကြားခဲ့သည်။

မကြာသေးမီကဖြစ်ပွားခဲ့သည့် ရေကြီးမှုများအတွင်း လူပေါင်း ၄၇၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့အစည်း ပြောခွင့်ရှိသူ မော့တာဘာခါလေဒီက အီရန်သတင်းဌာနသို့  ပြောကြားခဲ့သည်။

 

mdn

 

မတ်လ ၁၉ရက်နောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးမှုများကြောင့် အီရန်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် လူနေအိမ်အဆောက်အဦများ ပျက်ဆီးခဲ့သည်။

အီရန်နိုင်ငံအနောက်ပိုင်းရှိ ဒါဇင်နှင့်ချီသော ကျေးရွာများနှင့်မြို့များတွင် ရေများ ဖုံးလွှမ်းသွားခဲ့သည်။

လော့ရတ်စတန်ပြည်နယ် ပိုဒိုကန်တာစီရင်စုရှိ ကျေးရွာအများအပြားမှာ ရွံ့နွံ့များအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

mdn