နေပြည်တော် ၃ ဧပြီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် မတ် ၂၅ မှ ၃၁ ရက်အထိ တစ်ပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၁ ဒသမ ၆၈၆၄)တန်၊ သစ်မာ (၇၉ ဒသမ ၅၅၃၃)တန်၊ အခြား (၃၉၁ ဒသမ ၆၉၇၆)တန် စုစုပေါင်း (၅၉၂ ဒသမ ၉၃၇၃)တန်၊ တရားခံ(၄၉)ဦး၊ ယာဉ်/ ယန္တရား(၃၃)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)
