နေပြည်တော် ၃ ဧပြီ

 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၁ ရက်တွင် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-စစ်တောင်းလမ်းတွင် ယာဉ်အမှတ်၊ YGN-2I/xxx (Nissan (၆) ဘီး အဖြူ/အစိမ်းကြား) ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၁၃၆)ချောင်း (၇ ဒသမ ၂၃၅၂)တန်အား သိမ်းဆည်းရမိသည်။

 

1

 

အလားတူ ဧပြီ ၂ ရက်တွင် မင်းကင်းမြို့နယ်၊ မောက္ကတော်ရွာ/ ယားကျေးရွာ/အင်ပင်လှ ကျေးရွာအနီးဝန်းကျင်တို့မှ တရားမဝင်ကညင်/ အင်သစ်လုံး စုစုပေါင်း(၁၄) လုံး (၉ ဒသမ ၁၃၄၀) တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

 

(မောင်လူမော်)