နေပြည်တော် ၃ ဧပြီ
ယနေ့နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်နေ အောင်သီဟ (၄၅)နှစ်၏ "K ဟိန်း" ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်နှင့် ကပ်လျက် တောင်ဘက်ရှိ ဒေါ်သိန်းသိန်းနွဲ့ (၆၂)နှစ်တို့၏ နေအိမ်နှစ်အိမ်ကြားမှစ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ပျော်ဘွယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် "K ဟိန်း" ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်မှ ရောင်းချရန်ထားရှိသည့် ဆိုင်ကယ်မျိုးစုံ အစီး(၂၀)၊ တန်ဖိုးငွေကျပ် သိန်း (၁၄၀)ခန့် ဆုံးရှုံးခဲ့ပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN