မန္တလေး  ၄  ဧပြီ

 

မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ မန္တလေးချောင်းသာလို့ နာမည်ကြီးနေတဲ့ တောင်တန်းတွေ ပတ်လည်ဝိုင်းနေပြီး ဒုဋ္ဌဝတီမြစ်ဘေးက ၇ မိုင် ကမ်းခြေဟာ မန္တလေးလို အပူပိုင်းနေရာဒေသတစ်ခုမှာ အေးချမ်းပြီး သာယာလှပတဲ့ အိုအေစစ်လေးလို ဖြစ်တည်နေတဲ့အတွက် သဘာဝအရသာကို ရာနှုန်းပြည့်ခံစားလို့ရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

 

အဆိုပါ ၇ မိုင်ကမ်းခြေဟာ မန္တလေးနဲ့ ပြင်ဦးလွင်ကြားမှာ တည်ရှိပြီး မန္တလေးမှလာရင်တစ်နာရီခန့်၊ ပြင်ဦးလွင်မှလာရင် တစ်နာရီခွဲခန့်သာ ကြာမြင့်မှာဖြစ်ပြီး ပိတ်ရက်မရှိ နံနက်၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပါတယ်။ လာရောက်လည်ပတ်သူတွေ စိတ်ကျေနပ်မှု အပြည့်အဝရရှိနိုင်မယ့် ဝန်ထမ်းတွေရဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့အတူ ကလေးများ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စွာ ဆော့ကစားနိုင်မယ့် ကစားကွင်းတွေ၊ ဈေးနှုန်း သင့်တင့်မျှတတဲ့ စားသောက်ဆိုင်တန်းတွေ၊ ကျယ်ဝန်းတဲ့ ကားပါကင်တွေရှိပြီး မျက်လှည့်ပွဲ၊ တေးသီချင်းသီဆိုဖျော်ဖြေမှုနဲ့ မြူးကြွတဲ့အကတွေကို အခမဲ့ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

ဒါကြောင့် မိသားစုတွေ၊ အပေါင်းအသင်းတွေနဲ့ ခရီးထွက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ၇ မိုင်ကမ်းခြေရဲ့ Camping Zone ကို လာရောက်အပန်းဖြေလှည့်ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။

 

သတင်းနှင့်ဓာတ်ပုံ-ကိုမင်း

 

km 002

 

km 003