ပေကျင်း ၄ ဧပြီ
တရုတ်နိုင်ငံ စီချွန်စီရင်စုတွင် တောမီးလောင်ကျွမ်းခဲ့ရာ မီးသတ်သမား ၃၀ သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်း တစ်ရပ်အရ သိရသည်။
လီရှန်ယီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လောင်ကျွမ်းလျက်ရှိသော တောမီးများကို ငြှိမ်းသတ်နိုင်ရန် မီးသတ်သမား ၇၀ဝ ခန့် ဖြန့်ကြက်ထားခဲ့ရကြောင်း သိရသည်။
အဆိုပါတောမီးလောင်ကျွမ်းမှုသည် မီတာ ၄၀ဝ၀ မြင့်သော တောင်ကုန်းတောင်တန်းများ ထူထပ်သော နေရာတွင် ဖြစ်ပွားခဲ့သည့်အတွက် မီးငြှိမ်းသတ်ရန်လွန်စွာခက်ခဲမှုများ ရှိခဲ့သည်ဟု မီးသတ်သမားများက ဆိုသည်။
မီးငြှိမ်းသတ်မှုများ ဆောင်ရွက်နေစဉ် လေကြောင်းပြောင်းလဲတိုက်ခတ်ခဲ့သည့်အတွက် မီးသတ်သမား ၃၀ အား မီးလောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု အဆိုပါ မီးသတ်သမားများက ဆိုသည်။
တပ်မတော်ရဟတ်ယာဉ်များပါဝင်သော ကယ်ဆယ်ရေးလုပ်သားများက ဧပြီ ၁ ရက် နံနက်ပိုင်းတွင် သေဆုံးသူ မီးသတ်သမားများ၏ အလောင်းများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှု၏ အဓိကအကြောင်းရင်းကိုစုံစမ်းစစ်ဆေးလျက်ရှိသည်။ သို့သော် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ အဆိုပါတောမီးသည်မိုးကြိုးပစ်ခြင်းမှ အစပြုပြီး လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ