နေပြည်တော် ၄ ဧပြီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ်မှု Miss Inlay Organization ၏ စီစဉ်မှုဖြင့် အင်းလေးရေပေါ်သင်္ကြန်ပွဲတော် ၂၀၁၉ကို ဧပြီလ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့ မှ ဧပြီလ ၁၇ ရက်နေ့ မဟာနှစ်ဆန်းတစ်ရက်နေ့အထိ ညောင်ရွှေမြို့နယ်၊ နန်းပန်ကျေးရွာ၊ နန်းပန်ဈေးအနီးရှိ Inle Cultural Heritage Trust Complex ရှေ့အင်းလေးကန်ရေပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်တွင် အင်းလေးကန်ရေပြင်ပေါ်၌လှေသမ္ဗန်များ၊ ဖောင်များဖြင့် အတာရေစင် ပက်ဖြန်းကြမည့် ပျော်ရွှင်ကြည်နူးဖွယ်ရာရေပေါ်သင်္ကြန်ပွဲ၊ တေးသံသာများဖြင့်ဖျော်ဖြေတင်ဆက်ကြမည့် ရေပေါ် တေးဂီတဖျော်ဖြေပွဲ၊ မြန်မာ့ရိုးရာအတာသင်္ကြန်ယိမ်းအကအလှများနှင့် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ အစီအစဉ် များ၊ အင်းလေးဒေသကိုယ်စားပြု Mister & Miss Innlay 2019 ရွေးချယ်ပွဲ၊ သံဃာအပါး ၁၀ဝ၀ ကြွရောက် ချီးမြှင့် အလှူခံမည့် နှစ်ဉီးရေပေါ်ဆွမ်းလောင်းပွဲ ၊ နှစ်ဉီးရေပေါ် ဓမ္မသဘင်စသည့် အစီအစဉ်များ ကို မဟာသင်္ကြန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
MDN