၄ ဧပြီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် ကြာသပတေးနေ့ နံနက်ပိုင်းက မီးဖိုချောင်သုံး ပစ္စည်းများရောင်းချသည့် ဈေးတစ်ခုအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနမှ လက်ထောင်ညွှန်ကြားရေးမှူး ကာဇီနစမူမန်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မီးသတ်တပ်ဖွဲ့ ၁၆ ဖွဲ့မှ မီးကို အချိန်နှစ်နာရီကြာမျှ ငြှိမ်းသတ်ခဲ့ရပြီး ဒေသစံတော်ချိန် နံနက် ၅နာရီ ၃၅မိနစ်အချိန်တွင် မီးကိုထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ ဒေသစံတော်ချိန် ၃ နာရီ ၁၅ မိနစ်တွင် ဆိုင်ခန်းပေါင်း ၁၃၀ဝ ကျော်ရှိသည့် တစ်ထပ်ဈေးတစ်ခုမှ စတင်လောင်ကျွမ်းခဲ့သည်ဟု ၄င်းက ပြောကြားခဲ့သည်။
အခြားမီးဖိုချောင်သုံးပစ္စည်းများ ရောင်းချသည့် အဆိုပါဈေးရှိ ဆိုင်ခန်း ၂၅ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း ၄င်းကဆိုသည်။
မီးသတ်သမားတစ်ဦးမှာ မီးငြှိမ်းသတ်ရန် ကြိုးစားစဉ် ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်ဌာနမှ အရာရှိတစ်ဦးဖြစ်သူ မာဖက်ရီဗန်က ပြောကြားခဲ့သည်။
မီးသတ်သမားများက မီးလောင်ရသည့် အကြောင်းကိုမူ ယခုထိ မဆုံးဖြတ်ရသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်