ကျောက်ပန်းတောင်း ၄  ဧပြီ  

           

၂၀၁၉ ခုနှစ် သင်္ကြန်ကာလပိတ်ရက်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှပြည်သူများ မိဘရပ်ထံပြန်ခြင်း၊ ဘုရားဖူးသွားလာခြင်းနှင့် အခြားဒေသများသို့ လေ့လာရေးထွက်ခြင်းများ သွားလာချိန် ယာဉ်စီးနင်းခ၊ မူလဝယ်ယူထားသော ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားသော ခုံနံပါတ်မဖြစ်စေရေး၊ သတ်မှတ်ခရီးစဉ်နေရာ အရောက်ပို့ဆောင်ရေး၊ ကားဂိတ်များမှကားများ သတ်မှတ်ချိန်များတွင် ထွက်ခွာနိုင်ရေးတို့အား စားသုံးသူရေးရာဦးစီးဌာနနှင့် မော်တော်ယာဉ် စည်းကမ်းထိမ်းသိမ်းရေး တာဝန်ရှိသူများမှ ဧပြီ ၄ ရက် နံနက် ၁၀နာရီအချိန်တွင်  ကျောက်ပန်းတောင်းမြို့အတွင်းရှိ ကားဂိတ်များသို့ လိုက်နာမှုရှိစေရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

1

           

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့် သက် ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ်အတွင်း သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ခရီးသွားပြည်သူများမှ စားသုံးသူရေးရာဦးစီးဌာနသို့ ယာဉ်စီးနင်းခအား သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံခြင်း၊ မူလဝယ်ယူထားသော ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားနေခြင်း၊ ခရီးသည်အား  သတ်မှတ်နေရာသို့  ရောက်ရှိအောင်ပို့ဆောင်ပေးမှုမရှိခြင်း၊ ခရီးစဉ်အားအချိန်နှင့်တပြေးညီ ထွက်ခွာမှုမရှိခြင်းနှင့် လက်မှတ်ဝယ်ယူရာတွင် ကြော်ငြာထားသည့် နေ့ရက်တွင် အမှန်တကယ် ဝယ်ယူရရှိမှုမရှိခြင်းများအား စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများရှိခဲ့ခြင်းကြောင့် ဖြေရှင်းပေးခဲ့ရခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်ပန်းတောင်းမြို့အတွင်းရှိ APEX EXPRESS ကားဂိတ်၊ ရွှေစင်စင်္ကြာ၊ ရွှေမန်းသူ၊ ကြယ်တံခွန်၊ ပုပ္ပားပုဂံ၊ ရွှေပြည်ဦး၊ မကွေးအောင်ကမ္ဘာ၊ ဘုရင့်နောင်၊ လမ်းဆုံဂိတ်၊ တော်ဝင်၊ အောင်လံမိုး၊ မြသုံးလုံး၊ ပန်းတိုင်၊ အောင်ဇေယျ၊ မုံရွာအောင်ကမ္ဘာ၊ သန်မြန်သူ၊ တိုင်းလုံးကျော်၊ မန္တလာမင်း၊ ရွှေလွန်းပျံ၊ ရွှေညာမြေ၊ ဖြိုးရတနာအောင်၊ ရွှေမန္တလာ၊ Famous၊ ပြည့်ဖြိုးအောင်၊ JJ Express၊ ပုဂံမင်းသား၊ တောင်ပြာတောင်း၊ ဒို့ရွှေမြို့တော်၊ ပွင့်သစ်စရတနာကားဂိတ်များ၊ မော်တော်ယာဉ်ဂိတ်တာဝန်ခံများသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၉၃)ယာဉ်ထိမ်းရဲတပ်ဖွဲ့မှူးရုံး၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့ဌာန စိတ်ရဲအုပ်သျှန်အောင်နှင့် တပ်ဖွဲ့များမှ မော်တော်ယာဉ်ဂိတ်များသို့ ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း

 

1