မလှိုင်  ၄  ဧပြီ

 

မလှိုင်မြို့နယ်ရှိ ကျေးရွာ(၁၃)ရွာအတွက် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူနာတင်ယာဉ် ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက မြင်းဦးလှည့်ကျေးရွာရှိ ဝိသုကမ္မနိမ္မတ ဘုန်းတောကြီးကျောင်း ဆရာတော် ဦးကောသိယထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်စု ၅၂ အုပ်စုအနက် မြင်းဦးလှည့်ကျေးရွာအုပ်စုမှာ မြို့နယ်တွင် အကြီးဆုံးဖြစ်သည်။ အဆိုပါအုပ်စုတွင် ကျေးရွာပေါင်း ၁၃ ရွာရှိပြီး အိမ်ခြေ ၁၂၀ဝ ဝန်းကျင် လူဦးရေ ၆၀ဝ၀ ဝန်းကျင်နေထိုင်ကာ AMBULANCE ယာဉ်လှူဒါန်းသည့်အတွက် ဒေသခံတို့၏ ကျန်းမာရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။

 

အဆိုပါ လူနာတင်ယာဉ်အား မန္တလေးမြို့မှ ဦးခင်မောင်နှင့် ဒေါ်ခင်စု မိသားစုမှ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)