ရေနံချောင်း ၄ ဧပြီ
မဟာသင်္ကြန်ပွဲတော်ကာလ နီးကပ်လာပြီဖြစ်၍ ကားလက်မှတ်များ ပုံမှန်ထက် ဈေးနှုန်းပိုရောင်းချခြင်း မရှိစေရေး ရေနံချောင်းမြို့နယ် စာသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ရက် နံနက် ၁၀ နာရီက ရေနံချောင်းမြို့ပေါ်ရှိ အဝေပြေးယာဉ်လိုင်းဂိတ်များအား လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ကြီးကြပ် ကော်မတီဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရှိ အဝေးပြေး ယာဉ်လိုင်းများဖြစ်သော ဝေဖြိုးအောင်၊ လင်းထက်ကြယ်၊ ရွှေစင်၊ နန်ထိုက်တော်ဝင်၊ ထွန်းဧရာ၊ ထိပ်တန်း စသည့် အဝေးပြေးယာဉ်လိုင်းဂိတ်များအား ကားလက်မှတ်များ ပုံမှန်ဈေးနှုန်း အတိုင်း ရောင်းချရေး လိုက်လံအသိပေးခဲ့သည်။
သင်္ကြန်ကာလအတွင်း မိမိနေရပ်သို့ပြန်မည့်ဝန်ထမ်းများနှင့် အပန်းဖြေလည်ပတ်သွားမည့် ခရီးသွား ပြည်သူများအနေဖြင့် အဝေးပြေး ကားလက်မှတ်များ ပုံမှန်ထက် ဈေးနှုန်းပိုဝယ်ယူရပါက ရေနံချောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဖုန်းနံပါတ် ဝ၉-၂၅၆၄၆၁၃၉၉ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
ကိုစိုးကြီး


