ကျွန်းစု  ၄  ဧပြီ  

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးစာဖတ်ခန်းတို့တွင် ယနေ့နံနက်(၁၀)နာရီက ပန်းချီအခြေခံဆွဲနည်း သင်ကြားပြသခဲ့ကြောင်း သိရသည်။

 

စာကြည့်တိုက်၌ ကလေးများ စာငှား၊ စာဖတ်၍ နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိရှိ နေ့စဉ်ဖြစ်သန်းအသုံးချတတ်စေရန်၊  ကာယဉာဏစွမ်းရည်ဖွံဖြိုးတိုးတက်လာစေရန်နှင့် အရောင်များခွဲခြား သိမြင်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများကို ပန်းချီအခြေခံဆွဲနည်းများကို သင်ကြားပြသခဲ့၍ ကလေးများက သင်ကြားပြသမှုအပေါ် စိတ်ဝင်စားစွာ သင်ယူခဲ့ကြသည်။ 

 

ထိုသို့ သင်ကြားပြသရာတွင် အိမ်၊ ကား၊ တိရစ္ဆာန်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများ အဆင့်ဆင့် စနစ်တကျ အခြေခံပန်းချီဆွဲနည်းများကို သင်ကြားပြသခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

 

DSC0