နေပြည်တော် ၄ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား Country Task Force on Monitoring and Reporting (CTFMR)၏ Co- Chairs ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်း ရေးမှူး Mr.Knut Ostby နှင့် UNICEF ၏ဌာနေကိုယ်စားလှယ် Ms. June Kunugi တို့က ယနေ့မွန်လွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်မှ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီသည် လုပ်ငန်းကော်မတီ ဖွဲ့စည်း၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကြီးလေးသောကျူးလွန်မှု(၆)ရပ်နှင့်ပတ်သက်၍ ကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်သွားမည့်အခြေအနေများ၊ ကလေးသူငယ်ဥပဒေပြင်ဆင်ရေးဆွဲ ဆောင်ရွက်နေမှုများနှင့် မကြာမီအတည်ပြုနိုင်တော့မည့် အခြေအနေများ၊ CTFMR ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


