နေပြည်တော်  ၄   ဧပြီ

 

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ ကြီးမှူးပြီး Star Award 2018 ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၅ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင် ကျင်းပသွားမည်ဖြစ်သည်။

 

ယင်းအခမ်းအနားကျင်းပပုံများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ညနေ ၅ နာရီမှစတင်ပြီး ည ၈ နာရီအထိ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပြီး ည ၈ နာရီ သတင်း အပြီးတွင် ဆက်လက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)