မောင်စာဂ
တရားရုံးများသည် တရားစီရင်ရေးကိစ္စ ဆောင်ရွက်ကြရာ၌ အခြေခံရမည့် တရားစီရင်ရေး အခြေခံမူ (၇) ချက်ရှိသည်။ ပထမအချက်ဖြစ်သည့် ဥပဒေနှင့်အညီလွတ်လပ်စွာ တရားစီရင်ရေးဆိုသည့်အချက်နှင့်စပ်လျဉ်း၍ ‘လွတ်လပ်စွာတရားစီရင်ရေးနှင့် ဥပဒေ’ ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။ ဒုတိယမြောက်အခြေခံမူသည် ‘ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူရှေ့မှောက်တွင် တရားစီရင်ရေး’ ဖြစ်သည်။ ဤမူကို ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ (ခ) တွင်လည်း ဖော်ပြထားသည်။ ဆက်လက်မျှဝေပါရစေ။
ဥပဒေပါပြဋ္ဌာန်းချက်
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂ တွင် ရာဇဝတ်မှုခင်းတစ်စုံတစ်ရာ ကို စုံစမ်းစစ်ဆေးရန် သို့မဟုတ်စစ်ဆေးစီရင်ရန်ကိစ္စများအလို့ငှာ တရားသူကြီးရုံးထိုင်သည့်နေရာကို နေရာဆံ့သလောက် လူအများသွား လာဝင်ထွက်နိုင်သော လူသိရှင်ကြားတရားခွင်ဖြစ်ကြောင်း မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။ ဤပြဋ္ဌာန်းချက်အရဆိုလျှင် မှုခင်းများကို စုံစမ်းစစ်ဆေးစီရင်သည့် တရားသူကြီးများ ရုံးထိုင်သောတရားခွင်သည်လူအများဝင်ထွက်သွားလာနိုင်ခွင့်ရှိသော လူသိရှင်ကြားတရားခွင်ဖြစ်ကြောင်း နားလည်သိရှိကြရပါသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၆တွင် မှုခင်းတစ်ခုစုံစမ်းစစ်ဆေးရာ၌ သက်သေတစ်ဦးစီ၏ သက်သေခံချက်ကို လူသိရှင်ကြားတရားခွင်တွင် တရားသူကြီးက ရေးမှတ်လတ်မှတ်ရေးထိုးရမည်ဖြစ်ကြောင်းနှင့် ပုဒ်မ ၃၆၆ (ခ) တွင် စုံစမ်းစစ်ဆေးမှုပြီးဆုံး၍ စီရင်ချက်အမိန့်ချမှတ်သည့်အခါ တရားသူကြီးသည် လူသိရှင်ကြား တရားခွင်တွင်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ြွခင်းချက်အနေဖြင့် တရားသူကြီး စုံစမ်းစစ်ဆေး စီရင်နေသောမှုခင်းသည် ထူးခြားသည့် မှုခင်းတစ်စုံတစ်ရာ (ဥပမာ- ကလေးသူငယ်များနှင့်ပတ်သက်သော အမှုများ၊ အမျိုးသမီးများ၏ ကာယြေိ ́ကို စော်ကားခံရသည့်အမှုများ၊ လုံခြုံရေးအတွက်အရေးပါသောအမှုများစသည်) ဖြစ်ခဲ့သော် တရားသူကြီးသည် စစ်ဆေး စီရင်မှုပြုနေသော တရားခွင် သို့မဟုတ် အခန်း သို့မဟုတ် အဆောက်အအုံအတွင်းသို့ ဝင်ထွက်သွားလာ ခြင်း သို့မဟုတ် ရှိနေခြင်းမပြုလုပ်ရဟူ၍ အမိန့်ချမှတ်နိုင်ကြောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂ တွင်ပြဋ္ဌာန်းထားသည်။
တရားရုံးများ òန်ကြားလွှာအမှတ် ၂၀/၅၇
ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ တရားရုံးချုပ်က ၂-၁၂-၁၉၅၇ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သော တရားရုံးများòန်ကြားလွှာအမှတ်၂၀/၅၇ တွင် အောက်ပါအတိုင်း ညွှန်ကြားထားသည်-
- ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တစ်နေ့တခြား များပြားလာသော မုဒိမ်းမှုများနှင့် သဘာဝမကျသည့် ကာမသောင်းကျန်းသူများကို ခါတိုင်းကဲ့သို့ ရုံးခန်းများတွင် စစ်ဆေးကြရာ ကျူးလွန်ခြင်းခံရသူများမှာ ရုံးတော်သို့ အစစ်ခံရာ တွင် မောင်နှင့်နှမ၊ သားနှင့်အမိ မကြားဝံ့မနာသာ မဖြစ်စေရန် စောင့်စည်းထိန်းသိမ်းရသော ဟီရိဩတ္တပ္ပကြောင့် ဖြစ်သမျှကို ဟုတ်တိုင်းမှန်ရာ အကြောင်းကုန်စင် ဖွင့်လှစ်ကာပြောဆိုရန်ခဲယဉ်းခြင်းရှိသည်ကို သိရှိရပါသဖြင့် တရား ဖြောင့်မှန်ရေးကို ရှေးရှု၍ စက်ရှင်တရားသူကြီးများနှင့် ရာဇဝတ်တရားသူကြီးများ သည် ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂ (ဏမသလငျသ)ြွခင်းချက်အရ ကျူးလွန်ခြင်းခံရသူများ၊ တရားခံများ၊ နှစ်ဦးနှစ်ဖက် ရှေ့နေများနှင့်သက်ဆိုင်ရာအမှုထမ်း၊ အရာထမ်းများမှတစ်ပါး အခြားပြင်ပလူများ ရုံးခန်းများအတွင်း ဝင်ရောက်ခွင့်မပြုသင့်ဟု ယူဆလျှင်ဝင်ရောက်ခွင့်မပြုရဘဲ အဆိုပါအမှုများကို(In Camara) စစ်ဆေးကြရန် ညွှန်ကြား အပ်ပါသည်။
ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး
ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေးဟူသည်အနှစ်ချုပ်ပြောရမည်ဆိုပါက တရားစီရင်ရေးလုပ်ငန်း ကို ပြည်သူများ၏ ရှေ့မှောက်တွင် ဆောင်ရွက်ကြ ရမည်ကိုဆိုခြင်းဖြစ်သည်။ တရားစီရင်ရေးလုပ်ငန်း မည်သို့ ဆောင်ရွက်နေသည်ကို ပြည်သူတွေသိခွင့်ရှိရမည်။ မြင်ခွင့်ပြုရမည်။ ကြည့်ခွင့်ပေးရမည်။နားထောင်နိုင်ခွင့်ရှိစေရမည်။
သန့်ရှင်းမြင့်မြတ်သောနေရာ
တရားစီရင်ရာဖြစ်သော တရားရုံးနေရာများသည်သန့်ရှင်းသောနေရာ၊ မြင့်မြတ်သောနေရာများဖြစ်ကြသည်။ ထိုသို့ သန့်ရှင်းသောနေရာ၊ မြင့်မြတ်သောနေရာများဖြစ်ကြောင်းကို ခံယူတတ်ရမည်။ သိနိုင်မြင်နိုင်စွမ်းရှိရမည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် တရားသဖြင့် အဆုံးအဖြတ်ပေးမည့် တရားရုံးများ တည်ရှိရာနေရာဖြစ်သည်။ တရားသဖြင့် တရား မျှတစွာ တရားနှင့်အညီ အဆုံးအဖြတ်ပေးမည့် တရား သောသူများဖြစ်သည့် တရားသူကြီးများ တရားစီရင်သည့်နေရာလည်းဖြစ်သည်။
‘အသက်တစ်ရာမနေရ၊ အမှုတစ်ရာတွေ့ရ’ ဆိုသည့် မြန်မာတို့၏ ဆိုရိုးစကားရှိသည်။ မှုခင်းတစ်စုံတစ်ရာ မဖြစ်ပွားလိုကြ၊ မဖြစ်ချင်ကြ။ သို့သော် မိမိကမဖြစ်လို၊ မဖြစ်ချင်ကြသော်လည်း လူမှုပတ်ဝန်းကျင်နယ်ပယ်တွင် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေကြောင့် မလွှဲမရှောင်သာ မှုခင်းများနှင့် တွေ့ရ၊ ကြုံရ၊ ဆုံကြရသည်။ မှုခင်းဖြစ်လာတော့လည်း ရုံးတို့ ဂါတ် (ရဲစခန်း) တို့ကို မသွားလိုကြ၊ မရောက်ချင်ကြ။ အောက်ခြေတွင် ပြီးပြတ်နိုင်သော အမှုအခင်းမျိုးဆိုလျှင် ဆွေမျိုး၊ မိတ်ဆွေ၊ ရွာလူကြီး၊ ရပ်လူကြီး များနှင့် ညှိကြ၊ နှိုင်းကြသည်။ စေ့စပ်ဖြေရှင်းကြသည်။ မတတ်နိုင်သည့်အဆုံး ရုံးတို့၊ ဂါတ် (ရဲစခန်း)တို့ ရောက်ကြရသည်။ ဘာကြောင့်ရောက်သွားကြရသနည်း။ တရားရုံး၏ အမှန်တရားအဆုံးအဖြတ်ကို ခံယူလိုကြ၍ ဖြစ်သည်။ တရားသူကြီးများ၏ တရားသဖြင့် တရားမျှတသော၊ တရားနှင့်အညီ တရားသည့်ဆုံးဖြတ်ချက်ကို ရယူလို၍ဖြစ်သည်။ တရားရုံးကို ယုံသည်။ တရား သူကြီးကို အားကိုးကြသည်။
မဟော်သဓာဖြတ်ထုံး
မဟော်သဓာဖြတ်ထုံးတွင် မဟော်သဓာ၏ တရားစီရင်ရေးမှုခင်းများကို ဖော်ပြထားသည်။ အားလုံးသိရှိထားပြီးဖြစ်သည့်အတိုင်း မဟော်သဓာသုခမိန်သည်ခုနစ်နှစ်သားအရွယ်ကစတင်၍ တရားစီရင်ခဲ့သည်။ မှုခင်းဖြစ်ပွားကြလျှင် အမှုသည်နှစ်ဦးနှစ်ဖက်တို့သည်မဟော်သဓာသုခမိန်ရှိရာ သို့ အရောက်သွားကြသည်။ မဟော်သဓာကိုယုံကြည်သည်။ မဟော်သဓာကို အား ကိုးသည်။ မဟော်သဓာ သုခမိန်ကလည်း သူ့ထံရောက်လာသည့်မှုခင်းမှန်သမျှ စီရင်ဆုံးဖြတ်ပေးသည်။ ထိုသို့စီရင်ဆုံးဖြတ်ရာတွင် ပြည်သူများကိုခေါ်သည်။ အများ ပြည်သူများရှေ့မှောက်တွင် စီရင်ဆုံးဖြတ်သည်။ မိမိ၏ ဆုံးဖြတ်ချက်သည် တရားမျှတသော၊ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြည်သူအများ သိရှိစေလို၍ ဖြစ်သည်။ မဟော်သဓာသုခမိန်က ချမှတ်ပေးသော စီရင်ဆုံးဖြတ်ချက်တိုင်းအပေါ် လာရောက်နားထောင်ကြည့်ရှုသူ ပရိသတ်ပြည်သူအားလုံးက ကောင်းချီး ဩဘာ ထောမနာပြုကြသည်။
ပွင့်လင်းမြင်သာစေသည်
အများပြည်သူတို့၏ ရှေ့မှောက်တွင် တရားစီရင်ရေးကို ဆောင်ရွက်ခြင်းဖြင့် တရားရုံးများ၏ တရား စစ်ဆေးပုံ၊ စစ်ဆေးနည်းတို့ကို အများပြည်သူတို့ သိနိုင်မြင်နိုင်သည်။ ဥပဒေနှင့်အညီ တရားစစ်ဆေးခြင်း ဟုတ်၊ မဟုတ်၊ လွတ်လပ်စွာစီရင်ဆုံးဖြတ်ခြင်း ဖြစ်၊ မဖြစ်အများပြည်သူတို့က အကဲခတ်သုံးသပ်နိုင်သည်။ တရားစစ်ဆေးစီရင်ခြင်းဆိုသည်မှာ တစ်နေ့တစ်ရက်တည်း နှင့် လည်းမပြီး တစ်လလည်းမက၊ တစ်နှစ်လည်းမဟုတ်ကြာတတ်သည်။ တရားမမှုခင်းများဆိုလျှင် တစ်နှစ်၊ နှစ်နှစ်၊ လေးနှစ်၊ ငါးနှစ်စသဖြင့် နှစ်ချီ၍ ကြာတတ်သည်။
တရားစစ်ဆေးစီရင်မှု အစမှအဆုံးထိ နှစ်ဖက်အမှုသည်များ၏ ရှေ့တွင် စစ်ဆေးစီရင်ကြရသည်။ အမှုရက်ချိန်းပေးသည်ကစ၍ တရားလိုကိုစစ်ဆေးခြင်း၊ ယင်း၏ သက်သေကိုစစ်ဆေးခြင်း၊ တရားခံကို စစ်ဆေး ခြင်း၊ ယင်း၏သက်သေများကို စစ်ဆေးခြင်း၊ အမှုကိုဆုံးဖြတ်ခြင်း အဆင့်ဆင့်သော တရားစစ်ဆေးစီရင်မှုတစ်ခုလုံးသည် နှစ်ဖက်အမှုသည်များနှင့် အများပြည်သူတို့၏ရှေ့မှောက်တွင် ပြုကြရမည်။ ပြင်ဆင်မှု၊ အယူခံမှုများ တင်သွင်းလျှောက်ထားလျှင် ပြင်ဆင်မှု၊ အယူခံမှုတရားရုံးများကလည်း အများပြည်သူတို့၏ ရှေ့မှောက်တွင် ကြားနာဆုံးဖြတ်ကြရန်ဖြစ်သည်။ ဤနည်းဖြင့်ပွင့်လင်းမြင်သာစေသည်။ အများယုံကြည်မှု ရရှိစေ နိုင်သည်။
လူသိရှင်ကြားတရားခွင်ဖြစ်ပါစေ
ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေးဖြစ်ထွန်းဖို့ဆိုလျှင် ရှေးဦးစွာ လူသိရှင်ကြား တရားခွင်မျိုး ဖြစ်ရ ပါမည်။ တရားခွင်သည် ပြည်သူတွေ ဝင်ရောက်ကြည့်ရှုနိုင်ရန် အထိုက်အလျောက် အကျယ်အဝန်းရှိရမည်။ နေရာဆံ့သလောက် လူအများသွားလာ ဝင်/ထွက်နိုင်ရမည်။ ဤသည်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၅၂ တွင် ရှင်းလင်းစွာ ပြဋ္ဌာန်းထားရှိပြီးဖြစ်သည်။
လူသိရှင်ကြားတရားခွင်ဖြစ်နေရုံနှင့်မပြီး သန့်ရှင်းသောတရားခွင်၊ မြင့်မြတ်သော တရားခွင်များဖြစ်ရန်လည်း လိုအပ်သည်။ ပြည်သူတွေအလွယ်တကူဝင်ထွက်သွားလာနိုင်ရေး စီမံရမည်။ ပြည်သူတွေသက်သောင့်သက်သာ ကြည့်ရှုနားထောင်နိုင်ရေး နေရာများချထားပေးရမည်။ ထိုသို့ ဝင်ရောက်သွား လာ ကြည့်ရှုနားထောင်ခွင့်ရှိကြောင်း ပြည်သူတွေကိုအသိပေးရမည်။ တရားခွင်အတွင်း ဝင်ရောက်ကြည့်ရှုနားထောင်ရာ တွင် လိုက်နာရမည့် လိုအပ်သော စည်းကမ်းသတ်မှတ်ချက်များ ချိတ်ဆွဲ၊ ကပ်ထားရမည်။
ထာဝစဉ် ရှင်သန်နိုင်ပါစေ
တရားစစ်ဆေးစီရင်ရာ တွင် ပြည်သူ့ရှေ့မှောက်တွင်တရားစီရင်ရမည်။ ပြည်သူတွေ ဝင်ရောက်ကြည့်ရှုနားထောင်ခွင့်ပေးရမည်။ သန့်ရှင်းသော တရားခွင်၊ မြင့်မြတ်သောတရားခွင်၊ လူသိရှင်ကြား တရားခွင်ဖြစ်ရမည်ဆိုသည်ကို သိရှိကြရုံနှင့်မပြီး လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် ထာဝရတည်တံ့နေအောင်ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်သည်။ တရားစစ်ဆေးစီရင်သော တရားခွင်တိုင်းသည် လူသိရှင်ကြား တရားခွင်များဖြစ်ကြောင်း စီမံကြရမည်။ သန့်ရှင်း မြင့်မြတ်သော တရားခွင်ဖြစ်ကြောင်း ကျင့်ကြံအားထုတ်ကြရမည်။ မည်သူမဆို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဝင်ထွက်သွားလာနိုင်ခွင့်ရှိရမည်။ ပြည်သူတွေ ဝင်ထွက်သွားလာ ကြည့်ရှု နား ထောင်ခွင့်ရှိကြောင်း သိစေ၊ မြင်စေရမည်။ ဥပဒေအရ ကန့်သတ်ထားချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင်စီရင်ကြရမည်။ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်သော တရားရုံးများဖြစ်ကြောင်း ပြည်သူတွေသိနိုင်၊ မြင်နိုင်စေရမည်။ ဤသို့ဖြင့် ]ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင်တရားစီရင်ရေး} အခြေခံမူ ထာဝစဉ်ရှင်သန်နေစေ လိုကြောင်းပါ။
-တရားခွင်တိုင်းသည်လူသိရှင်ကြားတရားခွင်များ
- တရားခွင်တိုင်းသည် လူသိရှင်ကြားတရားခွင်များဖြစ်ကြပါစေ၊ဖြစ်ကြပါစေ၊
-ဥပဒေအရကန့်သတ်ချက်များမှအပပြည်သူ့
- ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင်တရားစီရင်ရေးပိုမိုပီပြင်နိုင်ကြရှေ့မှောက်တွင် တရားစီရင်ရေး ပိုမိုပီပြင်နိုင်ကြပါစေ၊ပါစေ၊
-တရားစီရင်ရေးဆိုင်ရာအခြေခံမူများထာဝစဉ်
- တရားစီရင်ရေးဆိုင်ရာ အခြေခံမူများ ထာဝစဉ်ရှင်သန်နိုင်ပါစေ။