၅ ဧပြီ

 

ဧပြီလ ၁၈ရက်မှ ၂၁အထိ ကျင်းပမည့် ၂၀၁၉ခုနှစ် ရှန်ဟိုင်း ကမ္ဘာ့ခရီးသွားပြပွဲတွင် နိုင်ငံပေါင်း ၅၃နိုင်ငံမှ  ပြခန်းပေါင်း ၇၅၀ က ပါဝင်ပြသရန် မှတ်ပုံတင်ခဲ့သည်။

 

အဆိုပါ ပြပွဲကို မော်ရိုကို၊မာဒါဂတ်စကာ၊ ပါပူဝါနယူးဂီနီ၊ ဂါဘွန်နှင့် တာ့ခ်မင်နစ္စတန်တို့သည် ပထမဆုံးအနေဖြင့် ပါဝင်ပြသ မည်ဖြစ်ကြောင်း ရှန်ဟိုင်း စည်ပင်သာယာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းအဖွဲ့က ပြောကြားခဲ့သည်။

 

အီတလီ၊ ရုရှား၊ သီရိလင်္ကာ၊ ဂျပန်၊ ကမ္ဘောဒီးယား၊ ပီးရူးနှင့် ကျူးဘားနိုင်ငံများမှ ကာလရှည်ကြာ လက်တွဲခဲ့ သည့် ခရီးသွားကုမ္ပဏီများက တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းဈေးကွက်တွင် ခေတ်ရေစီးကြောင်းနှင့်အညီ ဆန်းသစ်သော ထုတ်ကုန်သစ်များနှင့် ဝန်ဆောင်မှုများကို မိတ်ဆက်ပြသမည် ဖြစ်သည်။

 

j-3.J

 

ဒေသခံ ခရီးသွားလုပ်ငန်းအာဏာပိုင်များက ခရီးသွားနယ်မြေများကိုအကြောင်း ပြသရန်ပြိုင်ဆိုင် လျက်ရှိရာ နှစ်စဉ်ပြုလုပ်နေကျ အဆိုပါပြပွဲမှာ တရုတ်နိုင်ငံ၏ သဘာဝအလှတရာများကို ထုတ်ဖော်ပြသရာ ပြပွဲတစ်ခု လည်းဖြစ်သည်။

 

ပြပွဲတွင် ဒေသခံခရီးသွားဗျူရိုများ၊ အေဂျင်စီများ၊ အွန်လိုင်းခရီးသွားလုပ်ငန်းများ၊ လေကြောင်းကုမ္ပဏီများ၊ ဟိုတယ်များနှင့် အာမခံကုမ္ပဏီများ တက်ရောက်ကြမည်ဖြစ်သည်။ ပြပွဲအနေဖြင့် ဧည့်သည် ၁၅၀ဝ၀ ကျော်နှင့် ခရီးသွား ၅၀ဝ၀ဝ ကျော်ကို ဆွဲဆောင်မည်ဟု မျှော်မှန်းရကြောင်း စီစဉ်ကျင်းပသူက ပြောကြားသည်။

 

၂၀၁၈ ခုနှစ်အတွင်း တရုတ်ကမ္ဘာလှည့်ခရီးသွားများက ပြည်ပခရီးစဉ် သန်း ၁၅၀ နှင့် ပြည်တွင်းခရီးစဉ် ၅ ဒသမ ၅ ဘီလီယံ သွားရောက်ခဲ့သည်။ တရုတ်ပြည်မကြီးရှိ အဓိက ခရီးသွားနယ်မြေများသို့ ပြီးခဲ့သည့်နှစ်အ တွင်း ပြည်ပခရီးသွား ၄၈ သန်း ဝင်ရောက်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

 

ဘာသာပြန်-မေဇော်ထက်

 

ge jj.JP