တာချီလိတ်  ၅ ဧပြီ 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့်      ထိုင်းနိုင်ငံသား  အများစုပါဝင်သည့် နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်လျက်ရှိရာ မတ်လ ၂၉ ရက်မှ ဧပြီလ ၄ ရက်အထိ နေ့ချင်းပြန်နှင့် ညအိပ် ခရီးစဉ်အဖြစ်  စုစုပေါင်း   ၂၃၀ဝ၇ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း  ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လျက်ရှိရာ  တာချီလိတ် နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၁၂၃၄ဦး နှင့် တတိယနိုင်ငံသား (နိုင်ငံခြားသား) ၃၈၈ ဦး၊  ညအိပ်ခရီးစဉ်အဖြစ်   မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစု ပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂၂၉ ဦး၊ ပြည်တွင်းခရီးစဉ်သို့  နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁၁၅၆ ဦး တို့  ဝင်ရောက် လည်ပတ်ခဲ့သည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၉ခုနှစ်၊ ဧပြီလ ၄ ရက်အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၁၀၄၉၂၅၈ ဦး၊  မိုင်းဖြတ်နှင့်  ကျိုင်းတုံခရီးစဉ် အဖြစ် ခရီးသည် ၁၃၅၂၉ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်းခရီးစဉ်သို့  ၃၈၃၂၄ ဦး၊ စုစုပေါင်း ၁၁၀၁၁၁၁ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ဖြိုးလေး(တာချီလိတ်)