၆ မတ်

 

ခရိုအေးရှားနိုင်ငံရှိ မက်ဒီ ရေးဘဲလ် ခေတ်ကတံတိုင်းတွေနဲ့ ကာရံထားတဲ့ ဂျူဘရော့နစ်မြို့ဆီကို Game of Throne ဇာတ်လမ်းက ကျော်ကြားမှုနှင့် ကြွယ်ဝယ်မှုကို ယူဆောင်လာသလိုဖြစ်နေပါတယ်။ မြို့ကို လာရောက် လည်ပတ်သူများလွန်းတဲ့အတွက် ရှေးဟောင်းမြို့ကို ခရီးသွားတွေက ဖျက်ဆီးမှာကို မြို့ခံလူထုက စိုးရိမ် နေကြပါတယ်။

 

000_1

 

Game of Throne ဇာတ်လမ်းတွဲထဲက ဘုရင်ရဲ့ ထီးနန်းစိုက်ရာဖြစ်တဲ့မြို့ဖြစ်နေတဲ့အတွက် မြို့ကို လာရောက်ပတ်သူ များလွန်းလှပါတယ်။ ခရီးသွားလုပ်ငန်းဟာ တဟုန်ထိုး တိုးတက်လာပေမယ့် ဒီလူအုပ်ကို ဘယ်လိုဝန်ဆောင်မှုပေးရမယ်ဆိုတာ မသိလောက်အောင်ဖြစ်တယ်လို့ တိုးရစ်ဂိုက်တစ်ဦးက ပြောပါတယ်။

 

000_1

 

“မြို့လေးဟာ ပျားသလက်လိုပါ။ အဲဒီမြို့လေးကို လူ ၅၀ဝ၀ ကနေ ၇၀ဝ၀ အထိ စုံပြုံရောက်လာတော့ ခင်းထားတဲ့ ကျောက်တုံးတွေတောင် အရောင်လွင့်ကုန်တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

000_1FD

 

ဂျူဘရော့နစ် မြို့ဟာ ၇ နှစ်ရာစုနှစ်က အဆောက်အုံတွေ၊ ဘုရားကျောင်းတွေ နဲ့ ရေပန်းတွေရှိနေတဲ့အတွက် ယူနက်စကို (UNESCO) ရဲ့မှတ်တမ်းဝင်နေရာဖြစ်ပါတယ်။

 

ge 000_1F

 

Game of Throne ဇာတ်လမ်းတွဲအပြီး ၂၀၁၂-၂၀၁၅ ခုနှစ်အတွင်းမှာ ခရီးသွား နှစ်သိန်းလေးသောင်းကျော် လာရောက်လည်ပတ်ပြီး ရူရိုငွေ ၁၂၆ သန်းသုံးစွဲခဲ့ကြောင်း သိရပါတယ်။ အခုလို ခရီးသွားတွေ များလွန်တဲ့အတွက် တာဝန်ရှိသူတွေက ခရီးသွားသင်္ဘောတွေရဲ့ အချိန်ကို ကန့်သတ်ထားသလို လူအဝင်အထွက် လေ့လာစောင့်ကြည့်နေပါတယ်။

 

MDN

 

ကိုးကား - AFP

 

000_1FD2