mdn

သတင်းဆောင်းပါး - ဒေါက်တာအောင်ထွဏ်း (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

 

ဧပြီလ ၇ ရက် နေ့သည် ကမ္ဘာ့ကျန်းမာရေးနေ့ ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နှစ်စဉ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်တစ်ခုစီသတ်မှတ်၍ ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နိုင်ငံအသီးသီးတွင် ကျင်းပခဲ့ပါသည်။ ယခုနှစ်တွင်လည်း ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အဖြစ် “အရည်အသွေး ပြည့်ကျန်းမာရေး လူတိုင်းရအောင် ဆောင်ရွက်ပေး (Universal Health Coverage-Everyone, Ev-erywhere)”ဟု သတ်မှတ်ထားပါသည်။

 

အရည်အသွေးပြည့်ကျန်းမာရေးရရှိရေးနှင့်စိန်ခေါ်မှုများ

 

ကမ္ဘာ့နိုင်ငံတိုင်းတွင် ရေရှည်တည်တံ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်း လက်လှမ်းမီရရှိရေးသည် အဓိကကျလှသည့် ကိစ္စဖြစ်ပေသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ နှစ်ပတ်လည် ညီလာခံတွင် “လူတိုင်းလက်လှမ်းမီ၊ ကျန်းမာရေးလွှမ်းခြုံမှု (Uni-versal Health Coverage-UHC)သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့်ကမ္ဘာ့လုံခြုံမှုအတွက်အရေးတကြီးဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်းသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။ အဖွဲ့ဝင်နိုင်ငံအားလုံးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals: SDGs)ဖြင့် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှုကို ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့ နိုင်ငံများ၌ အပြည့်အဝရရှိရေးအတွက် ကြိုးပမ်းရန်သဘောတူညီခဲ့ကြပါသည်။

 

လူတိုင်းလက်လှမ်းမီ၊ ကျန်းမာရေးလွှမ်ခြုံမှု (Uni-versal Health Coverage-UHC) ဆိုသည်မှာ လူတိုင်းလိုအပ်သည့် အရည်အသွေးပြည့်ကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေးအခက်အခဲမရှိ ရယူ နိုင်စွမ်းရှိသည့် အခြေအနေကို ဆိုလိုပါသည်။ ယခုအခါ ကမ္ဘာ့ပေါ်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် အခြေခံကျသည့် မရှိမဖြစ်အရည်အသွေးပြည့်ဝသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လက်လှမ်း မမီကြပါ။ ထို့ပြင် လူသန်းတစ်ရာခန့်သည် ကျန်းမာရေးအတွက် ကိုယ်ပိုင်ငွေများ ကျခံသုံးစွဲရသဖြင့် အလွန်ဆင်းရဲလျက်ရှိကြကာ ကမ္ဘာ့လူဦးရေ၏ တစ်နှစ်ရာ ခိုင်နှုန်းဖြစ်သော လူသန်း ၈၀ဝ ကျော်သည် သူတို့ အိမ်သုံးစားရိတ်ငွေ၏ ၁၀ ရာခိုင်နှုန်းခန့်ကို မိသားစုကျန်းမာရေးအတွက် အကုန်အကျခံနေရကြောင်း သိရပါ သည်။စင်စစ် လူတိုင်းလက်လှမ်းမီ၊ ကျန်းမာရေးလွှမ်းခြုံမှုသည် ပြည်သူတိုင်းအား ကျန်းမာရေးဝန်ဆောင်မှု အားလုံးအား အခမဲ့ပေးခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲအဖြစ်များသည့်ရောဂါများနှင့် သေဆုံးမှုများကို ကာကွယ်ကုသပေးနိုင်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုမျိုးကို လက်လှမ်းမီစေမည့် စနစ်ကိုဆိုလိုခြင်းဖြစ်ပါသည်။ ကမ္ဘာ့ပေါ်တွင်ကျန်းမာရေးဝန်ဆောင်မှုအားလုံးအား စဉ်ဆက်မပြတ်အခမဲ့ ပေးသည့် နိုင်ငံဟူ၍ မရှိပါ။

 

မြန်မာ့ကျန်းမာရေးကဏ္ဍ၏ လက်ရှိစိန်ခေါ်မှုများ

 

လက်ရှိအစိုးရ၏ ပထမ သုံးနှစ်တာကာလအတွင်း ပြောင်းလဲတိုးတက်မှုများရှိလာသော်လည်း၊ လက်ရှိမြန်မာ့ ကျန်းမာရေးကဏ္ဍသည် နိမ့်ကျဆဲဖြစ်ပါသည်။ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်သာနိုင်စွမ်း နည်းပါးဆဲဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူ့သက်တမ်းသည် ၆၄ ဒသမ ၇ နှစ်ဖြစ်ပြီး အာဆီယံဒေသတွင်း အနိမ့်ပါးဆုံးဖြစ်နေ၏။ အဆိုပါ ပျမ်းမျှ ကြိမ်နှုန်းများ၏ နောက်ကွယ်တွင် ဒေသ္တရ၊ လူမျိုးစုနှင့် လူမှုစီးပွားဆိုင်ရာ ကွာဟမှု၊ မညီမျှမှုများစွာက ပုန်းကွယ်နစ်မြုပ်၍နေပါသေးသည်။ တီဘီ၊ ငှက်ဖျား၊ ခုခံကျစသည့် ကူးစက် တတ်သောရောဂါများ၊ သွေးတိုး၊ဆီးချို၊ နှလုံး၊ ကင်ဆာ၊ ထိခိုက်ဒဏ်ရာရရှိမှုစသည့် မကူးစက်တတ်သော ရောဂါနှင့် အခြေအနေများ၊ မိခင်၊ကလေးကျန်းမာရေးနှင့် သက်ကြီးရွယ်အိုကျန်းမာရေး တို့သည် လက်ရှိကျန်းမာရေးပြဿနာများအဖြစ် တွေ့ရပါသည်။ ကာလအတန်ကြာအောင် မြို့ပြဒေသများရှိ ဆေးရုံအခြေပြု အထူးကုဆေးကုသမှုများအတွက်ဦးစားပေး၍ ရင်းနှီးမြှုပ်နှံခဲ့မှုကြောင့် နိုင်ငံသူနိုင်ငံသား အများစု မှီတင်းနေထိုင်ရာ ကျေးလက်ဒေသများအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ အားပျော့ခဲ့ရသည်။ 

 

ကျေးလက်ကျန်းမာရေးဌာနများ ဖြည့်ဆည်းပေး ရန်လိုအပ်ခြင်း၊ ကျန်းမာရေးအသုံးစရိတ်ခွဲဝေ ချထားမှုနည်းခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ လိုအပ်မှုအပေါ်မူတည်၍ ဖြည့်ဆည်းပေးရန်လိုအပ် ခြင်း၊အရည်အသွေးပြည့်ဝသော ကျန်းမာရေးစွမ်းအား အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရန်လိုအပ်ခြင်း၊ စီမံခန့်ခွဲမှုစနစ် အားဖြည့်ပေးရန်လိုအပ်ခြင်း၊ ကျန်းမာရေးအာမခံစနစ်နှင့် လူမှုကျန်းမာရေး အကာ အကွယ်ပေးရေးအစီအစဉ်များ အားနည်းမှုကြောင့်ကျန်းမာရေးကုန်ကျစရိတ် ကြီးမားပြီး ဆင်းရဲနွမ်းပါးသူများ အပေါ် ထိခိုက်ခြင်း စသည့်ကျန်းမာရေးစနစ်အားနည်းချက်များရှိခဲ့ပါသည်။ အကျိုးဆက်အားဖြင့် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် မယှဉ်သာအောင် အားနည်းသည့် ကျန်းမာရေးရလဒ်နှင့်ကျန်းမာရေးအòန်းကိန်းများ ပေါ်ထွန်းလာခဲ့ပါ သည်။ အဆိုပါအားနည်းသော ကျန်းမာရေးရလဒ်များ သည်ပင်လျှင် ဒေသအခြေအနေနှင့် စီးပွားဆိုင်ရာ မညီမျှမှုများစွာရှိနေသည်ကိုလည်း တွေ့ရှိရပေသည်။

 

ကျန်းမာရေးအသိပညာနည်းပါးခြင်း၊ ဆေးဝါးအတွက် ကုန်ကျစရိတ်ကြီးမားခြင်း၊ ကျေးလက်ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုအားနည်းခြင်းနှင့် ဒေသခံများဆင်းရဲခြင်း၊ လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း၊ သဘာဝ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရခြင်း၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုကို အသုံးပြုရန် အားနည်း ခြင်း၊ ကောင်းမွန်သော ကျန်းမာရေးအာမခံစနစ်တည်ထောင်ရန်လိုအပ်ခြင်းတို့သည် ကျန်းမာရေး ပြဿနာများ၏ အရင်းအမြစ်များအဖြစ် တွေ့ရှိရပါသည်။ ယင်းစိန်ခေါ်မှုများတွင် လမ်းပန်းဆက်သွယ်ရေး၊စာတတ်မြောက်မှု၊ ယုံကြည်မှုဓလေ့စရိုက်၊ စီးပွားရေးအခြေအနေ၊ ရွှေ့ပြောင်းလူဦးရေနှင့် အခြားကဏ္ဍများ၏ ပူးပေါင်း ဆောင်ရွက်မှုအပေါ် အခြေခံလျက်ရှိကြပါသည်။

 

အမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်လူတိုင်းလက်လှမ်းမီနိုင်သည့် သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံမှု လမ်းစဉ်ကို ထိရောက်စွာ ဦးတည်ရာ တွင်လိုအပ်သော ကောင်းမွန်မှန်ကန်သည့် ကျန်းမာရေးစနစ် လမ်းကြောင်းသစ်ကို လျှောက်လှမ်းနိုင်ရန်အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၁) အား ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါသည်။ အမျိုးသားကျန်းမာရေးစီမံကိန်းသည် မိမိတို့နိုင်ငံ၏ ကျန်းမာရေးစနစ်ကို ကြံ့ခိုင်တောင့်တင်းစေပြီး လူတိုင်း လက်လှမ်းမီ ကျန်းမာရေးလွှမ်းခြုံမှုလမ်းကို လျှောက်လှမ်းရာတွင် နွမ်းပါးသူ ဦးစားပေးသည့်လမ်းကို ရွေးချယ်ခဲ့ပါသည်။

 

ထို့ကြောင့်လည်း အမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁) ၏ အဓိကပန်းတိုင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက် အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (Basic Essential Pack-age of Health Services: BEPHS) ကို ငွေကြေး ကုန်ကျမှု နည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ပေးစွမ်းနိုင်ရေးဖြစ်ပေသည်။ အဆိုပါ ပန်းတိုင်ရောက်ရှိရေးအတွက် အမျိုးသားကျန်းမာရေးစီမံကိန်း သည် ကျန်းမာရေးစောင့်ရောက်မှု စီမံချက်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်သူများနှင့် ကျန်းမာရေး စောင့်ရှောက်မှုအကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများအကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများသည်နိုင်ငံသူ နိုင်ငံသား အများစုနေထိုင်ရာ မြို့နယ်များနှင့် ကျေးလက် ဒေသဖြစ်သည့် တိုက်နယ်၊ ကျေးရွာစုနှင့်ကျေးရွာများတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်ပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှုပြန်လည်အားကောင်းဖွံ့ဖြိုးရေးအတွက် အဓိကအခန်းကဏ္ဍမှ ဦးတည်ပါသည်။ တစ်ချိန်တည်းမှာပင် ထိုကျန်းမာရေးစောင့်ရှောက်မှုများကို ထိရောက်စွာ ပေးနိုင်ရေးအတွက် အားကောင်းဖွံ့ဖြိုးသည့်ကျန်းမာရေးစနစ်ကို ရှေးရှုလျက် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားစုများ၊ အခြေခံအဆောက်အအုံများ၊ ဝန်ဆောင်မှုပေးရမည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကျန်းမာရေးဆိုင်ရာ a ငွကြေးကဏ္ဍတည်းဟူသော စနစ်၏ ပင်မဒေါက်တိုင်ကြီးများ ခိုင်မာစေရေးကိုဝါယမစိုက်ထုတ်၍ ဆောင်ရွက်လျက်ရှိသည်။

 

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကိုအဆင့်လိုက်အပိုင်းလိုက် စနစ်တကျ ကျွမ်းကျင်မှုဆိုင်ရာ အပိုင်းမှ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဆောင်ရွက်နေသကဲ့သို့ ယခင်ကဝန်ကြီးဌာနတွင် မရှိဖူးသော အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့အား ဖွဲဲ့စည်းကာ စီမံကိန်းလုပ်ငန်းများကို စနစ်တကျ စောင့်ကြပ်ကြည့်ရှု ဆန်းစစ်လျက်ရှိပါသည်။ အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပေါ် တောင်းဆိုမှုများကို ကူညီဖော်ထုတ်ရန် အလေးထားပြီး အဓိကအားဖြင့် အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အလေးဂရုထားမည်ဖြစ်သည်။ ပြည်သူ့အသံများနှင့် လူထုတာဝန်ယူမှုများကို ထည့်သွင်းခြင်းအားဖြင့် ကျန်းမာရေးစနစ်၏ တုံ့ပြန်မှုများ ပိုမိုအားကောင်းလာ စေမည်ဖြစ်ပါသည်။

 

အရည်အသွေးပြည့်ကျန်းမာရေး၊ လူတိုင်းရအောင်ဆောင်ရွက်ပေး

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီရရှိရေးအတွက် ပြည်သူ့အိတ်ကပ်ထဲမှ ထုတ်ယူသုံးစွဲနေရသည် ကျန်းမာရေးစရိတ်များ လျော့ကျစေရန်၊ ကျန်းမာရေးပြဿနာဖြစ်ပေါ်လာသည့်အခါ လွယ်လွယ်ကူကူ အခက်အခဲမရှိ ဆေးကုသနိုင် စေရန်၊ ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားလာစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပါသည်။ ရေရှည်တည်တံ့မှုရှိသော၊ ထိရောက်၍ အလေအလွင့်နည်းပါးသော၊ ပြည်သူ့ကျန်းမာရေးနှင့် ဆေးဝါးကုသမှု နယ်ပယ်နှစ်ရပ်စလုံးကို လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး ပေါ်ထွန်းလာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ ပြည်သူလူထုအနေနှင့်လည်း မြို့ ပေါ်၊ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများနှင့်အတူတစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် အရည်အသွေး ပြည့်ကျန်းမာရေး၊ လူတိုင်းရအောင်ဆောင်ရွက်ပေးရန်စည်းလုံးညီညာအောင်ကြောင်းဖြာ စိတ်ဓာတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

 

မှီငြမ်း


- ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းများ၊ (2018-19) MOHS
- Health in Myanmar 2014, MOHS 
- NHP (2017-2021), 2016 MOHS 
- Strategic Directions for UHC, Myanmar, 2014 MOHS 
- Together on the road to universal health coverage, WHO, 2017. -WHD 2019 Fact sheets, WHO 2019