ပါရီ ၈ ဧပြီ

 

ပြင်သစ်အစိုးရ၏ မူဝါဒများကို ကန့်ကွက်ဆန္ဒပြရန်အတွက် ထောင်နှင့်ချီသော အဝါရောင်ဝတ်ဆန္ဒပြလူအုပ်ကြီးသည် ၂၁ ပတ် မြောက်ဆန္ဒဖော်ထုတ်မှုအနေဖြင့် ဧပြီ ၆ ရက်တွင် ချီတက်စုဝေးမှု ပြုလုပ်ခဲ့ကြသည်။ အစိုးရက ပြည်သူလူထု၏ မကျေနပ်ချက်များကို ဖြေဖျောက်ရန် ရည်ရွယ်လျက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်ပင်ဆွေးနွေးညှိနှိုင်းမှုရလဒ်များကို ထုတ်ဖော်ကြေညာရန် စီစဉ်နေချိန်တွင် ချီတက်စုဝေးမှုများ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

 

နိုင်ငံမြောက်ပိုင်းရှိ ယူအန်နှင့် အရှေ့တောင်ပိုင်းရှိ လိုင်ယွန်တို့၌သာမက မြို့တော်ပါရီတွင် ဆန္ဒပြပြည်သူများသည် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကို ဝေဖန်ရှုတ်ချသည့် စာတန်းပါဆိုင်းဘုတ်များကို ကိုင်ဆောင်လျက် လမ်းများပေါ် ချီတက်လာခဲ့ကြသည်။

 

နိုင်ငံအနောက်ပိုင်းတွင် ပြင်သစ်နှင့် ဂျာမန်တက်ကြွလှုပ်ရှားသူများသည် နယ်စပ်၌ အဖွဲ့ချင်းပူးပေါင်းသွားခဲ့ကြသည်။ ရိုအွန်၌ မျက်နှာဖုံးတပ်ဆင်ထားသည့် ဆန္ဒပြပြည်သူအချို့သည် ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြသော်လည်း ပါရီ၌ မတ် ၁၆ ရက် က ဖြစ်ပွားခဲ့သည့် ဇိမ်ခံပစ္စည်းအရောင်းဆိုင်များအား မွှေနှောက်ဖျက်ဆီးမှုကလွဲ၍ အခြားပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့မှုများ မရှိ ကြောင်း သိရသည်။

 

အေအက်ဖ်ပီ