၈ ဧပြီ

အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စဂျန်နယ်ဆင်သည် ရာထူးမှနုတ်ထွက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ကြေညာခဲ့သည်။

 

21

 

သူမ၏ တာဝန်ထမ်းဆောင်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ အမေရိကန်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်နာ ကီဗင်မစ်အယ်လနန်က အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ခေတ္တအကြီး အကဲ ဖြစ်လာမည်ဟု တနင်္ဂနွေနေ့က တွစ်တာတွင် ထရန့်က ရေးသားခဲ့သည်။

 

22

 

နယ်ဆင်သည် တန်ပြန်အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေးနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာ သူများပြဿနာများကို ကိုင်တွယ်ကြီးကြပ်နေသူဖြစ်သည်။

နယ်ဆင်၏ တရားမဝင်နေထိုင်သူများပြဿနာ ကိုင်တွယ်ဖြေရှင်းမှုကို ထရန့်က စိတ်မကျေနပ်ဟုဆိုသည်။ ထိုအချက်က သူမကို ရာထူးမှထုတ်ပယ်မှု ဖြစ်လာစေသည်ဟူသော ကောလဟလများလည်းရှိခဲ့သည်။

အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲ ဂျွန်ကယ်လီ ရာထူးနုတ်ထွက်ကတည်းက နယ်ဆင်လည်း နုတ်ထွက်မည်ဟု ထင်ကြေးပေးခဲ့ကြသေးသည်။ ကယ်လီမှာ ယခင်က အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး နယ်ဆင်နှင့် နီးကပ်သောဆက်ဆံရေးရှိသူဖြစ်သည်။ 

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည့်ကြေညာချက်မှာ ထရန့်အစိုးရလက်ထက်တွင် အဆင့်မြင့်တာဝန်ရှိသူများ ဆက်တိုက်နှုတ်ထွက်မှုတွင် နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။ အဆိုပါဖြစ်ရပ်များထဲတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ထုတ်ပယ်ခံခဲ့ရသည့်  ရှေ့နေချုပ် ဂျက်ဆက်ရှင်နှင့် ဒီဇင်ဘာလအတွင်း ရာထူးမှနှုတ်ထွက်ခဲ့သည့် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်တို့ ပါဝင်သည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်