၈ ဧပြီ
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကုန်းမြင့်ဒေသ ကွန်တမ်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များက မူးယစ်ဆေးဝါး ဆေးပြားလေးသောင်းခန့် သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးကုန်ကူးသူ လာအိုနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း ယနေ့ပြောကြားခဲ့သည်။
လာအိုနိုင်ငံမှ ကွန်တမ်ပြည်နယ်သို့ မူးယစ်ဆေးဝါး ပို့ဆောင်နေသော အသက် ၆၀ နှစ် အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ကို စနေနေ့က လက်ပူးလက်ကြပ်ဖမ်းဆီးရမိခဲ့ကြောင်း ဗီယက်နမ် သတင်းစဉ်က ယနေ့ဖော်ပြခဲ့သည်။
ဗီယက်နမ် ဥပဒေအရ အဆိုပါဘိန်းဖြူ ၆၀ဝ ဂရမ်ကျော် သို့မဟုတ် စိတ်ကြွဆေး ၂ ဒသမ ၅ ကီလိုဂရမ်ကျော် မှောင်ခိုကုန်ကူးသူများကို သေဒဏ်စီရင်ချက်ချမှတ်နိုင်ကြောင်း သိရသည်။
အခြားသော တရားမဝင် မူးယစ်ဆေးဝါး ၃၀ဝ ဂရမ် သို့မဟုတ် ဘိန်းဖြူ ၁၀ဝ ဂရမ် ရောင်းဝယ်ဖောက်ကားမှုကိုလည်း သေဒဏ်စီရင်နိုင်သည်ဟု ဖော်ပြထားသည်။
ဘာသာပြန် မြင့်မြင့်ချို
ကိုးကား ဆင်ဟွာ