၈ ဧပြီ
ကနေဒါ နိုင်ငံလူနေထူထပ်သော တိုရွန်တိုမြို့တော်ဒေသရှိ လူများစည်ကားသော အပန်းဖြေစင်တာတစ်ခု အပြင်ဘက်တွင် ယမန်နေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။
ယမန်နေ့မနက်စောပိုင်းက ကလေးများနှင့် မိဘများသည် ထိုစင်တာတွင် ကျင်းပနေသည့် ဟော်ကီပြိုင်ပွဲကြီးအတွက် ရောက်ရှိလာစဉ် ယင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ပစ်ခတ်မှုသတင်းများရရှိပြီးနောက် ထိုစင်တာသို့ ရဲတပ်ဖွဲ့များ အပူတပြင်းရောက်ရှိလာကာ အပန်းဖြေစင်တာ၏အနောက်အပြင်ဘက်တွင် အမျိုးသားတစ်ဦးလဲနေသည်ကို တွေ့ရှိခဲ့ကြောင်းနှင့် သူနာပြုများက ၎င်းကိုဆေးရုံသို့ အပူတပြင်း ပို့ဆောင်စဉ် ထိုအမျိုးသား သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို