တန့်ဆည်  ၉  ဧပြီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် ဧပြီ ၈ ရက် ည ၁၂နာရီက တိုက်ခတ်သော လေပြင်းကြောင့် သစ်ပင်များပြိုလဲခြင်းနှင့် လူနေအိမ်များ  ပျက်စီးမှုရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ လေပြင်တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၃) အုပ်စုအတွင်းရှိ လူနေအိမ် (၂၇) လုံး သွပ်မိုးများလန်ခြင်း၊ ခေါင်များ ပျက်စီးခြင်းနှင့် ဘုန်တော်ကြီးကျောင်း အုတ်တံတိုင်း (၁၁) ခန်း ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

 

ငြိမ်းမင်းထွန်း(တန့်ဆည်)

 

1