၉ ဧပြီ

 

အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများလက်ရှိဖြစ်ပျက်မှုများအကြား နှစ်နိုင်ငံစီးပွားရေးဖလှယ်မှု တိုးမြှင့်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့အကြား မြစ်ကူးတံတားသစ်တစ်စင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်း မန်ဖိုမြို့နှင့် တရုတ်နိုင်ငံ ဂျီလင်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ ဂျီအမ်မြို့တို့ကို ဆက်သွယ်ထားသော ထိုတံတားကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်ဟု ဖော်ပြထားသည်။

 

၂၀၁၁ ခုနှစ်က တရုတ်သို့သွားရောက်ခဲ့သော ယခင်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ ၏ ညွှန်ကြားချက်ဖြင့် ယင်းတံတားကို ၂၀၁၁ ခုနှစ်မှာပင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

mdn

 

အဆိုပါ တံတားကို ၂၀၁၂ ခုနှစ်တွင် နှစ်ဘက်ခြမ်းလုံး ဆောက်လုပ်ခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား နှင့် ဒုံးကျည်စမ်းသပ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သောကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုးဝါးခဲ့ပြီး နောက်ပိုင်း ယင်းတံတားဖွင့်ပွဲ နှောင့်နှေးခဲ့ကြောင်း သိရသည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် တရုတ်နိုင်ငံ သို့ ပြီးခဲ့သည့် ၁၃ လအတွင်း အခမ်းအနား ၄ ခုတက်ရောက်ခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်ပြီး ၎င်းတံတားကို ယမန်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

မြောက်ကိုရီးယား နိုင်ငံသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရန်နှင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု တိုးမြှင့်ရန် ထိုတံတားကို အသုံးပြုခြင်းဖြင့် နိုင်ငံခြားငွေကြေးရရှိရန် လိုလားပုံရကြောင်း သိရသည်။

 

ဘာသာပြန်- မြင့်မြင့်ချို

ကိုးကား- အန်အိတ်ချ်ကေ

 

mdn