၉ ဧပြီ
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း သည် ယမန်နေ့က မလေးရှားနိုင်ငံသို့ အလုပ်သဘော ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံသည့် နှစ်ပတ်လည်အစည်းဝေးကို မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် တစ်လှည့်စီကျင်းပခဲ့ပြီး လက်ရှိမလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့အကြား ပထမဆုံးဆွေးနွေးပွဲဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ အစည်းဝေးတွင် နှစ်ဖက်အပြန်အလှန်အကျိုးခံစားခွင့်များအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်သစ်များ ရှာဖွေရန်၊ လက်ရှိ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်ခြင်းကို ပြန်လည်သုံးသပ်ရန် နှင့် နှစ်နိုင်ငံ စိုးရိမ်ပူပန်စရာကိစ္စရပ်များဆွေးနွေးရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။
ထိုနိုင်ငံခြားရေးဝန်ကြီးဌာနက ပညာရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ရင်းနှီးမြှပ်နှံမှုဒေသများတွင် နှစ်နိုင်ငံစလုံး ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အတူ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၉ ဒသမ ၉၂ ဘီလီယံ တန်ဖိုးဖြစ်သည်ဟု ခန့်မှန်းခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။
ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား- ဆင်ဟွာ