၉ ဧပြီ
အစ္စရေးနိုင်ငံမှာ ဒီကနေ့ (အင်္ဂါနေ့)ကစပြီး ရွေးကောက်ပွဲကျင်းပရာ လက်ရှိဝန်ကြီးချုပ် နေတန်ရာဟုကို ဆက်လက် ရွေးချယ်မလား။ ဒါမှမဟုတ် စစ်ဦးစီးချုပ်ဟောင်းကို ရွေးချယ်မလားဆိုတာ ဒီရွေးကောက်ပွဲကနေ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် နေတန်ရာဟုရဲ့ လီကွတ်ပါတီဟာ အခုကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ၅ ကြိမ်မြောက် ရွေးကောက်ပွဲ အနိုင်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် နေတန်ရာဟုဟာ လာဘ်ပေးလာဘ်ယူမှု ရှိတဲ့လို့ စွပ်စွဲမှုတွေနဲ့အတူ စစ်ဦးစီးချုပ်ဟောင်း အသက် (၅၉) နှစ်အရွယ် ဘန်နီဂန့်စ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။

အပြာနဲ့အဖြူ မဟာမိတ်ပါတီခေါင်းဆောင် ဘန်နီဂန့်စ်က နိုင်ငံ့လုံခြုံရေးနဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးကတိ ပေးထားပြီး အဲဒီအချက်တွေနဲ့ နေတန်ရာဟု အပေါ်မှာ စိန်ခေါ်မှုတွေ လုပ်ဆောင်နေပါတယ်။
အစ္စရေးပါလီမန် နက်ဆက်မှာ နေရာ ၁၂၀ အတွက် အနိုင်မရခဲ့ရင် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ မဲအရေအတွက် ရလဒ်ထွက်ရင် ချက်ချင်းညွှန့်ပေါင်းအစိုးရ စတင်ဖွဲ့စည်းရမှာဖြစ်ပါတယ်။

မဲရုံတွေက ဂရင်းနစ်စံတော်ချိန် မနက် ၄ နာရီမှ ညနေ ၇ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး ညွှန့်ပေါင်းအစိုးရဖြစ်လာနိုင်ကြောင်းနဲ့ နေတန်ရာဟုသာ ဒီနေရာနဲ့ ထိုက်တန်တယ်လို့ ပြောဆိုနေကြပါတယ်။
MDN
ကိုးကား - AFP