နေပြည်တော် ၁၀ ဧပြီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Website လွှင့်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ နေပြည်တော်ရှိ ရုံးအမှတ်(၃၃) အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က တက်ရောက် အမှာစကားပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်မှ ဝန်ကြီးဌာန Website အကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ မြန်မာနိုင်ငံ၏ အထင်ကရနေရာများနှင့် ခရီးစဉ်ဒေသများအား ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက Website အသစ် www.tourism.gov.mm အား လွှင့်တင်ပေးပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
MDN
