၁၀ ဧပြီ

 

ဂျပန်နိုင်ငံ အာဂိုဘေးရှိ ပုလဲမွေးမြူရေးစခန်းမှာ ကမာကောင်လေးတွေ အတွင်းက အဖြူရောင်ပုလဲလေးတွေကို သေသပ်လှပစွာ ထုတ်နေတာဖြစ်ပါတယ်။

 

၁၉ ရာစုနှောင်းပိုင်းမှ စတင်ပေါ်ပေါက်လာတဲ့ အာဂိုဘေးက ကမ္ဘာမှာ ပထမဦးဆုံး စီးပွားဖြစ် မွေးမြူရေးပုလဲ ထုတ်တဲ့ နေရာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပုလဲမွေးမြူရေးစခန်းတွေ ကမ္ဘာတဝန်းမှာ ရှိလာပြီဖြစ်ပေမယ့် အာဂိုဘေး မှာ ပုလဲမွေးမြူရေး စခန်းပေါင်း ဆယ်ချီပြီး ရှိနေဆဲဖြစ်ပါတယ်။

 

1

 

ပုလဲဟာ ဂျပန်လူမျိုးတွေနဲ့ ရင်းနှီးတဲ့လက်ဝတ်ရတနာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ထပ်တော့မယ့် အမျိုးသမီးကို ပုလဲဆွဲကြိုး၊ ပုလဲနားကပ် ဒါမှမဟုတ် ပုလဲ လက်စွပ်ကို ပေးရလေ့ရှိပါတယ်။ အဲဒီပစ္စည်းဟာ အမျိုးသမီးရဲ့ ဘဝတစ်လျှောက်လုံး ခမ်းနားတဲ့ ပွဲလမ်းတွေမှာ ဝတ်ဆင်လေ့ရှိတယ်လို့ ပုလဲမွေးမြူရေးစခန်းက တာဝန်ရှိသူ ဟီရိုရှိက ပြောပါတယ်။ 

 

ပုလဲမွေးမြူရေးစခန်းက ယူရီကိုကတော့ ကမာကောင်တွေလေးတွေကို သုံး၊ လေးနှစ် မွေးမြူထားရတယ် ကမာခွံအပျော့လေးကနေစပြီး မွေးမြူလာရာ ပုလဲမွေးလာတဲ့အထိပေါ့။ သိပ်ပြီးလှတဲ့  အကိုယာ  ပုလဲကတော့ ပုလဲ ၁၀၀မှာ   တစ်ခုလောက်တွေ့ ရပါတယ်လို့ ပြောပါတယ်။

 

2

 

ဂျပန်ပုလဲနဲ့ ယှဉ်နိုင်တဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တဟီတီ နဲ့ သြစတြေးလျးနိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက ဆောင်းတွင်းရာသီဥတုဟာ ပုလဲကို ပိုပြီးတောင်ပြောင်တဲ့ အရောင်ပေးနိုင်ကြောင်း ပုလဲမွေးရေးစခန်းမှ တာဝန်ရှိသူက ပြောပါတယ်။

 

ဂျပန်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ပုလဲ တန်ချိန် ၂၀ ထွက်ခဲ့ရာ ဂျပန်ငွေကြေး ယမ်း ၁၆.၆ ဘီလီယံ ဝင်ငွေရှိခဲ့ရာ ၂၀၂၇ ခုနှစ်အရောက်မှာ ယမ်း ၂၀ ဘီလီယံအထိ ဝင်ငွေရရှိအောင် လုပ်ဆောင်ဖို့ ရှိနေကြောင်းသိရပါတယ်။

 

3

 

၁၉၈၀ ခုနှစ်များက ပုလဲ တန်ချိန် ၇၀ လောက်ထွက်ရှိရာ ယမ်း ၈၈ ဘီလံယံ ဝင်ငွေရရှိခဲ့ပါတယ်။

 

 

MDN

ကိုးကား - AFP