၁၀ ဧပြီ

 

အစ္စရေးရွေးကောက်ပွဲမှာ မဲရေတွက်လို့ မပြီးခင်မှာဘဲ ဝန်ကြီးချုပ်နေတန်ရာဟုရဲ့ လီကွတ်ပါတီဟာ အစ္စရေးလွှတ်တော် နက်ဆက်မှာ အမတ်နေရာ ၆၅ နေရာကို ရရှိပြီးလို့ သိရပါတယ်။ နက်ဆက်မှာ လွှတ်တော်အမတ်နေရာ ၁၂၀ ရှိပါတယ်။ 

 

11

 

ရွေးကောက်ပွဲရလဒ်အရ နေတန်ရာဟုဟာ ငါးကြိမ်မြောက် ဝန်ကြီးချုပ်ရာထူးကို ဆက်လက် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံတည်ထောင်သူ ဒေးဗစ်ဘန်ဂူရီယမ် နောက်ပိုင်းမှာ နေတန်ရာဟု ဟာ ငါးကြိမ်မြောက် တာဝန်ထမ်းဆောင်ခွင့်ရတဲ့  သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်လာ ပါတယ်။ 

 

33

 

အသက် ၆၉ နှစ်အရွယ် နေတန်ရာဟုဟာ ဝန်ကြီးချုပ်ရာထူးကို ၁၃ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးပြီ ဖြစ်ပါတယ်။ သူ့ကို King Bibi အစ္စရေးဘုရင်လို့ ခေါ်ဆိုကြပါတယ်။

 

44

 

နေတန်ရာဟုက သူ့ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာတွင် “လက်ယာအစိုးရဖြစ်မယ်။ သူဟာ အစ္စရေးရဲ့ဝန်ကြီးချုပ်ဖြစ်လာမယ်။ အစ္စရေးလူထုက သူ့ကို ငါးကြိမ်မြောက် ဆက်လက် ထောက်ခံတဲ့အတွက် အလွန်ကျေနပ်မိကြောင်းနဲ့ အခုရွေးကောက်ပွဲရဲ့ မဲရလဒ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက် သူ့ကို ပိုမိုထောက်ခံတာတွေ တွေ့ရကြောင်း၊ အစ္စရေးနိုင်ငံတွင်းရှိ ဂျူးရော ၊ ဂျူးမဟုတ်သူရော ၊ လက်ဝဲ ၊ လက်ယာတို့ရဲ့ ဝန်ကြီးချုပ်ဖြစ်လာကြောင်း” ပြောပါတယ်။

 

55

 

ပြီးခဲ့ ၂၀၁၅ ခုနှစ်က အထွေထွေ ရွေးကောက်ပွဲမှာ ၇၁.၉ ရာခိုင်နှုန်း မဲပေးခဲ့ပြီး ၂၀၁၉ ရွေးကောက်ပွဲမှာ ၆၇.၉ ရာခိုင်နှုန်းမဲပေးခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP