မန္တလေး ၁၁ ဧပြီ

 

မန္တလေးမြို့တွင် ပထမအကြိမ် ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန်ကို ယနေ့မှာ ရှမ်းတိုင်းရင်းသားများ သာရေး နာရေးအသင်းတိုက်တွင် ကျင်းပပြုလုပ်သည်။  

 

1

 

ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန်ကို ရှမ်းတိုင်းရင်းသားအသင်းအဖွဲ့များ၊ ရှမ်းပြည်နယ်ဇာတိ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကျင်းပခြင်းဖြစ်သည်။   

 

2

         

 

‘ရှမ်းတိုင်းရင်းသားအသင်းအဖွဲ့များအနေနဲ့ ကိုယ့်ရဲ့ရှမ်းတိုင်းရင်းသားရိုးရာ သင်္ကြန်လေးကို ဖော်ထုတ်ပြသချင်တာ၊ စုစုစည်းစည်းနဲ့ ဆောင်ရွက်စေချင်တာ စတဲ့ ရည်ရွယ်ချက်နဲ့ ခုလိုဆောင်ရွက်တာဖြစ်ပါတယ်’ ဟု ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန်ဖြစ်မြောက်ရေး ကော်မတီဝင် စိုင်းအောင်မိန်း (မိုတိုင်း) ကပြောသည်။        

 

3

 

အဆိုပါပွဲတော်တွင် ရှမ်းရိုးရာ ကုန်းဆွန်း ဘုရားရေသပ္ပါယ်ခြင်း၊ ရိုးရာ အဆိုအကများဖြင့် ဖျော်ဖြေခြင်းနှင့် ရိုးရာအစားစာများဖြင့် စတုဒီသာကျွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန်ပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်

 

6

 

5

 

4