၁၁ ဧပြီ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က  ၂၀၂၀ တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ တာဝန်ခံဝန်ကြီးအဖြစ် ချူနီချီ ဆူဇူကီ ကို ယခင်ရာထူးဟောင်းတွင် ပြန်လည်ခန့်အပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

 

mdn

 

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ပြန်လည်တည်ဆောက်ရေး အားထုတ်မှု အထင်မြင်သေးစေသည့် ဝေဖန်သုံးသပ်မှုတစ်ခုအပေါ် ယမန်နေ့က ရာထူးမှနှုတ်ထွက်ခဲ့သည့် ယိုရှီတာကာ ဆာကူရာဒါ နေရာတွင် ဆူဇူကီ ကို အစားထိုးခန့်အပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ရှင်ဇိုအာဘေး က ဆူဇူကီ သည် သဘာဝပတ်ဝန်းကျင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝါရင့်တစ်ဦးဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆိုပါ အားကစားပွဲများသည် ယင်းဒေသပြန်လည်တည်ဆောက်မှု မြှင့်တင်ရာတွင် အကူအညီဖြစ်မည်ဟု ခိုင်ခိုင်မာမာ မျှော်လင့်ထားကြောင်းနှင့် ဆူဇူကီး သည် ၂၀၁၁ခုနှစ် ပြင်းထန်သော ငလျင် နှင့် ဆူနာမီ  မွှေနှောက်ဖျက်ဆီးမှုဒဏ်ခံခဲ့ရသည့် အိုင်ဝိတ် စီရင်စုမှ ဖြစ်ကြောင်း အာဘေးက ဆိုသည်။

ဆူဇူကီ သည် အိုလံပစ် နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်မှုများရရှိရန်နှင့် ယုံကြည်မှုပြန်လည်ရရှိရန် ကြိုးစားလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း အာဘေး က ထပ်လောင်းပြောကြားခဲ့သည်။

 

mdn

 

ရှင်ဇိုအာဘေးက ဝန်ကြီးအဖွဲ့ဝင်အားလုံးသည်  ပြန်လည်တည်ဆောက်ရေးတာဝန်ခံ ဝန်ကြီးများအဖြစ် မိမိကိုယ်မိမိ သဘောထားမှတ်ယူသင့်ကြောင်း နှင့် ဂျပန် နိုင်ငံအရှေ့မြောက်ပိုင်း ပြန်လည်တည်ဆောက်ရေးကို အကောင်းဆုံးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

 

ဘာသာပြန် - မြင့်မြင့်ချို

ကိုးကား- အန်အိတ်ချ်ကေ