၁၁ ဧပြီ

 

အိန္ဒိယနိုင်ငံက အထွေထွေရွေးကောက်ပွဲကို ဒီကနေ့( ကြာသပတေးနေ့) ကနေ မေလ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ အိန္ဒိယရွေးကောက်ပွဲဟာ ကမ္ဘာမှာ အကြီးဆုံးသော ရွေးကောက်ပွဲဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ သန်း ၉၀ဝ နီးပါးရှိပြီး မဲရုံပေါင်း ၁ သန်းမှာ မေးပေးကြမယ်လို့ သိရပါတယ်။  ရွေးကောက်ပွဲကို အဆင့် ၇ ဆင့် ခွဲပြီး မဲပေးကြမှာဖြစ်ပါတယ်။ ဒီကနေ့ ပထမအဆင့်မှာတော့ လူပေါင်း ၁၄၂ သန်း မဲပေးပိုင်ခွင့် ရှိမယ်လို့ မျှော်လင့်ရပါတယ်။

 

mdn

 

ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာ အတွက် ထောင်ချီတဲ့ ရွေးကောက်ပွဲဝင် ပါတီနဲ့ အမတ်များ ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။  ပါတီတစ်ခု သို့မဟုတ် ညွှန့်ပေါင်းအဖွဲ့ဟာ အနည်းဆုံး အမတ်နေရာ ၂၇၂ နေရာအနိုင်ရမှာသာ အစိုးရအဖွဲ့ ဖွဲ့နိုင်မှာဖြစ်ပါတယ်။ 

 

လျှပ်စစ် မဲပေးနိုင်တဲ့စက်ပေါင်း ၁.၁ သန်းကို တရုတ်နယ်စပ်အပါအဝင် တောတွေ တောင်တွေကို ဖြတ်ပြီး ပို့ဆောင်ခဲ့ရပါတယ်။

 

အရှေ့မြောက်ပိုင်းရှိ အာဆန်ပြည်နယ်မှာ မဲပေးဖို့အတွက် ၄၅ မိနစ်လောက်အထိစောင့် ခဲ့ရကြောင်း မဲပေးခွင့် ပထမဆုံးအကြိမ်ရတဲ့ လူငယ် ၈၄ သန်းရှိပြီး ဒီလူငယ်တွေဟာ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားနေကြပါတယ်။

 

BJP ပါတီရဲ့ လက်ရှိဝန်ကြီးချုပ် အသက် ၆၈ နှစ်အရွယ် နာရင်ဒါရာ မိုဒီ ကို လူကြိုက်များတယ်လို့ ခန့်မှန်းချက်တွေရှိနေပေမယ့် သူ့ရဲ့ အလုပ်အကိုင်ဖန်တီရေးနဲ့ ကျေးလက်ဒေသမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးတွေမှာ ထင်သလောက် မလုပ်နိုင်တဲ့အတွက် နေရူး - ဂန္ဓီရဲ့ မိသားစုတွေဟာ မိုဒီအတွက် အကြီးအမားဆုံး စိန်ခေါ်မှုတွေအဖြစ် ရင်ဆိုင်နေရပါတယ်။

 

ရွေးကောက်ပွဲအတွင်းမှာ လုံခြုံရေး ထူထူထပ်ထပ်ချထားပါတယ်။ ဒီသီတင်းပတ်အတွင်းမှာ ဒေသခံလွှတ်တော်အမတ် တစ်ဦး အပါ လူ ၅ ဦးဟာ ချုံခိုသတ်ဖြတ်ခံခဲ့ရပါသေးတယ်။

 

mdn

 

အွန်လိုင်းပေါ်မှာလည်း သတင်းအမှားတွေ၊ သတင်းအတုအယောင်တွေဟာ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ facebook နဲ့ WhatsApp တို့ကို အသုံးပြုပြီး ရှိနေတဲ့အတွက်  စမတ်ဖုန်းကနေတစ်ဆင့် ပဋိပက္ခဖန်တီးနေတာမျိုးလည်း ရှိနေပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ရွေးကောက်ပွဲမှာ မိုဒီရဲ့ BJP ပါတီဟာ “နေ့သစ်နေကောင်းတွေကို ဖန်တီးပေးမယ်ဆိုတဲ့ ကတိကဝတ်” နဲ့ နှစ် ၃၀ အတွင်းမှာ အပြတ်အသတ်နိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီချိန်က မဲပေးခွင့်သူရဲ့ ၆၆ ရာခိုင်နှုန်းမဲပေးခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP